3/20/2015

♪ iPhone နှင့် iPad စနစ်အတွင်းသို့ ဝင်ရောက်ရန် CIA နှစ်ပေါင်းများစွာ ကြိုးစားခဲ့ဟုဆို ♫


Central Intelligentce Age-ncy (CIA) သည် Apple ၏မိုဘိုင်း ထုတ်ကုန်များသို့ back door ရှာဖွေ၍ ဝင်ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြောင်း NSA အေးဂျင့်ဟောင်း အက်ဒ်ဝပ်စနိုးဒင် ထောက်ပံ့သည့် စာရွက်စာတမ်းများအရ Intercept သတင်းဌာနမှ ဖော်ပြခဲ့သည်။

CIA သည် iPhone နှင့် iPad များရှိ encrypt ပြုလုပ်ထားသော တစ်ကိုယ်ရေ အချက်အလက်ရှိ လုံခြုံရေးကို ထိုးဖောက်နိုင်ရန် အာရုံစိုက်ခဲ့ကြောင်း Intercept  မှဆောင်းပါး တစ်ခုဖြင့် ဖော်ပြခဲ့သည်။ CIA ရှိ သုတေသီများသည် Apple ၏လုံခြုံရေးကို ထိုးဖောက်ပြီး ထုတ်ကုန်၏ firmware ကိုထိန်းချုပ်ရန် နည်းလမ်းပေါင်းစုံ ရှာဖွေခဲ့ကြသည်။

အကယ်၍ Apple ၏ firmware သို့ ထိုးဖောက်ဝင်ရောက်ခဲ့လျှင်  ထောက်လှမ်းရေး အေဂျင်စီများသည် malware များအသုံးပြုခြင်း သို့မဟုတ် အားအနည်းဆုံး နေရာများသ ဝင်ရောက်ကာ တစ်ကိုယ်ရေ အချက်အလက်များကို ရယူနိုင်မည်ဖြစ်သည်။ Intercept သတင်းဌာနကို ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂလင်းဂရင်းဝေါက တည်ထောင်ခဲ့ပြီး ၎င်းအနေဖြင့် ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများကို ထုတ်ဝေခွင့် ရရှိရန် စနိုးဒင်ကို ကူညီခဲ့သူလည်း ဖြစ်သည်။

အကယ်၍ ယခုအချက်အလက် များသာမှန်ကန်ခဲ့ပါက အစိုးရအေဂျင်စီနှင် နည်းပညာ ကုမ္ပဏီများအကြား ကြီးကျယ်သည့် အငြင်းပွားမှု ဖြစ်လာဖွယ်ရှိသည်။ စနိုးဒင်၏ စာရွက်စာတမ်းများအရ Intercept နှင့် အခြားသတင်းဌာနများက အမေရိကန် အစိုးရသည် တစ်ကိုယ်ရေ အချက်အလက်ကို ရယူရန် သုံးစွဲသူ၏ ထုတ်ကုန်များကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေကြောင်း ဖော်ပြခဲ့ကြသည်။

နည်းပညာဆိုင်ရာ ကုမ္ပဏီများစွာကလည်း  အစိုးရ၏ နည်းဗျူဟာကို ဝေဖန်ခဲ့ကြပြီး သုံးစွဲသူများ၏ တစ်ကိုယ်ရေ အခွင့်အရေးကို ချိုးဖောက်ခြင်းနှင့် ကုမ္ပဏီ၏ ထုတ်ကုန်အပေါ် သုံးစွဲသူယုံကြည်မှု ပျက်ပြားအောင် ပြုလုပ်နေကြောင်း ပြောဆိုလျက် ရှိသည်။

Ref : CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com