3/31/2015

♪ Sony က Xperia J1 Compact ကို ကြေညာ ♫

2

Sony က ဂျပန်နိုင်ငံအတွက် Xperia J1 Compact ကို ကြေညာလိုက်ပါသည်။ အဆိုပါ ဖုန်းသည် Sony ၏ ဂျပန်နိုင်ငံတွင် ရောင်းချသော ပထမဆုံး SIM-Free Smartphone ဖြစ်ပါသည်။ Specification များမှာ Xperia A2 နှင့် ဆင်တူပါသည်။

Xperia J1 Compact တွင် ၄.၃ လက်မအရွယ် 720p Display , 2GB RAM, 20.7 MP Exmor RS Camera, 2300mAh Battery ပါရှိပါသည်။ 2.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 800 Chipset မောင်းနှင်မည် ဖြစ်သည်။ IP 68 Certificate ရရှိထားပါသည်။

Sony က ဧပြီလ ၂၀ ရက်နေ့တွင် ရောင်းချပေးမည် ဖြစ်ပြီး အဖြူနှင့်ရွှေရောင် ပေါင်းစပ်ထုတ်လုပ်ပေး ထားပါသည်။ ကြိုတင်မှာယူမှုများကို မတ်လ ၂၇ ရက်နေ့တွင် စတင်လက်ခံမည် ဖြစ်ပြီး ဒေါ်လာ ၄၅၄ ၀န်းကျင်သတ်မှတ်ထားပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com