3/28/2015

မြန်မာနှင့် ဖွံ့ဖြိုးဆဲဈေးကွက်များအတွင်း ဒစ်ဂျစ်တယ်နည်းပညာ ၏၀န်ဆောင်မှု




 


ဖွံ့ဖြိုးဆဲဈေးကွက်များဟာ တီထွင်ဆန်းသစ်မှုရှိပြီး စီးပွားရေးဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို အနောက်နိုင်ငံများနှင့် နှိုင်းယဉ်ပါက ကုန်ကျစရိတ် လျော့နည်းစွာ ထုတ်လုပ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများကို စတင်စိန်ခေါ်လာလျှက်ရှိနေပါပြီ်။ ဥပမာအားဖြင့် လေ့လာသုံးသပ်ချက် အရ အင်တာနက်ကို အခြေခံပြီး တဟုန်ထိုးတိုးတက် ဆဲဖြစ်နေသည့် အင်ဒိုနီးရှား ဖိလစ်ပိုင် နှင့် သီရိလကာင်္ နိုင်ငံများ ကို နောက်ထပ်ရှေ့ဆောင်ဈေးကွက်သစ် နိုင်ငံများအဖြစ် အမည်ပေးထားကြပါတယ်။ အရှေ့တောင်အာရှ၊ လက်တင်အမေရိကတို့မှ ကြိုးမဲ့အင်တာနက် မိုဘိုင်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအာရုံစိုက် လုပ်ဆောင်လာလျက်ရှိပြီး IBM Google နှင့် Microsoft တို့အပါအ၀င် နည်းပညာဆိုင်ရာ ကုမ္ပဏီအဖွဲ့များကလည်း ကင်ညာနှင့် နိုင်ဂျီးရီးယားတို့ကဲ့သို့သော ဖွံ့ဖြိုးဆဲဈေးကွက်များမှဖြစ်ပေါ်လာမယ့် တီထွင်ဆန်းသစ်မှုများအတွက် ရင်းနှီးမြှုပ်နှံမှု ပြုရန် ဈေးကွက်ချဲ့ထွင်လာကြပါပြီ။




ဤပြောင်းလည်းမှုနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အေဂျင်စီတစ်ခုဖြစ်သည့် 2thinknow အမှုဆောင်အရာရှိချုပ် Christopher Hire မှစမတ်ဖုန်းနည်းပညာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖွံ့ဖြိုးဆဲ မြို့ကြီးတွေ၊ ပိုပြီးသေးငယ်တဲ့ မြို့ကလေးတွေဆီကို ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ အခြားသော ၀န်ဆောင်မှုတွေ ရောက်ရှိစေခဲ့ပါတယ်ဟု ပြောဆိုခဲ့သည်။ ဖွံ့ဖြိုးဆဲဈေးကွက်များအတွင်း အင်တာနက်နည်းပညာ၏ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကြောင့် အိမ်ခြံမြေဈေးကွက် လုပ်ငန်းရှင်များမှာလည်း ၎င်းတို့ ရဲ့ ၀န်ဆောင်မှု လုပ်ငန်းများကို အွန်လိုင်းမှ တဆင့်လုပ်ဆောင်လာနေကြပါပြီ်။
ဖွံ့ဖြိုးဆဲဈေးကွက်တွေထဲက အိမ်ခြံမြေရှာဖွေသူ တွေဟာ အွန်လိုင်းကနေ ရှာဖွေလာကြပြီး ၀ယ်ယူမှု နှင့်ရောင်းဝယ်မှုများ ပြုလုပ်လာကြပါတယ်။ အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်တွေ အနေနဲ့လည်း သုံးစွဲသူတွေရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေနဲ့အတူ အလိုက်သင့် ပြောင်းလဲရမှာပါဟု Lamudi ပူးတွဲတည်ထောင်သူနှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Kian Moini မှလည်း ထပ်မှန် မှတ်ချက်ပေး ပြောဆိုခဲ့သည်။




လွန်ခဲ့သည့်ကာလအတွင်း ဖွဲ့ဖြိုးဆဲ ဈေးကွက်များ၏အိမ်ခြံမြေ ရှင်းတမ်းသုတေသန မှ အင်တာနက် ဇယား၊ ဘယ်နေရာမှာ ကြော်ငြာမလဲ။

သတင်းရင်းမြစ်၊ House.com.mm real estate agents survey 2014.

အင်တာနက် သုံးစနစ်နှင့် လျှင်မြန်မှုနှုံး အနိမ့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံကဲ့သို့ဖွဲ့ဖြိုးဆဲ ဈေးကွက်များမှာလည်း အင်တာနက် ကို အခြေခံ၍ လုပ်ဆောင်သော ရောင်းဝယ်မှု နှင့် ၀န်ဆောင်မှုများရှိနေပြီ ဖြစ်ကြောင်းတင်ပြသွားပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အင်တာနက်မြန်နှုန်း အနှေးဆုံးနိုင်ငံတစ်ခုဖြစပါတယ်။ သို့သော်လည်း ၂၀၁၁ ခုနှစ်အတွင်း အရပ်ဘက်အစိုးရ အာဏာရရှိလာချိန်မှစ၍ အင်တာနက်သုံးစွဲမှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် စည်းရုံးလှုပ်ဆော်သူများအဖွဲ့ Freedom House အဆိုအရ ၂၀၁၂ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံရှိ အင်တာနက်အသုံပြုသူ ဦးရေမှာ ၅၀၀,၀၀၀ ကျော်ရှိပြီး နိုင်ငံ့လူဦးရေရဲ့ ရာခိုင်နှုန်းခန့်သာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဤသုံးစွဲသူဦးရေမှာ ၂၀၀၉ ခုနှစ်တွင် သုံးစွဲသူပေါင်း ၁၁၀,၀၀၀ (နိုင်ငံ့လူဦးရေ၏ . ရာခိုင်နှုန်း) ရှိခဲ့ရာမှ ပိုမိုတိုးတက်လာခြင်းဖြစ်တယ်လို့ဆိုခဲ့ပါတယ်။




မြန်မာနိုင်ငံတွင် အိမ်ရှာဖွေရာတွင် အင်တာနက်ကို အကြိမ်ရေ မည်မျှသုံးစွဲကြသနည်း။

သတင်းရင်းမြစ်၊ House.com.mm real estate agents survey 2014.

၂၀၁၄ ဇွန်လ On Device သုတေသနပြုချက်မှ သတင်းထုတ်ပြန်ချက်အရ နိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်မှာ လာမည့်နှစ်များအတွင်း မိုဘိုင်းအင်တာနက် ပိုမိုသုံးစွဲလာမည်ဟုဖော်ပြထားပါတယ်။ မိုဘိုင်းအင်တာနက်ကို သုံးစွဲနိုင်ရန် အဓိကတွန်းအားပေးသောဖြစ်စဉ်မှာ မိုဘိုင်းဖုန်းနှင့်စပ်ဆိုင်သည့် ပစ္စည်း ကိရိယာများ ဈေးနှုန်းကျဆင်းလာခြင်း၊ SIM ကဒ်များနှင့် အင်တာနက်နှုန်းထားများ ဈေးချိုလာခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ပြည်တွင်း ဆက်သွယ်ရေးများ တိုးတက်လာခြင်းနှင့် ဆက်စပ်ပစ္စည်းများ ဈေးနှုန်းကျဆင်းတို့ကြောင့် ကွန်ပြူတာများဖြင့် အင်တာနက်သုံးစွဲခြင်းအဆင့်မှ ခုန်တက်သွားနိုင်ချေရှိသည်ဟု ဖော်ပြထားပါတယ်။ နိုင်ငံ၏ အင်တာနက်အွန်လိုင်း ဖွံ့ဖြိုးတိုးတက်ရန် အချိန်ယူရဦးမည်ဖြစ်သော်လည်း အင်တာနက်သုံးပြီး ၀န်ဆောင်မှုများဖြစ်သည့် အိမ်ခြံမြေဈေးကွက်ရှာဖွေခြင်း နှင့် အခြားသော Online မှတဆင့်ရောင်းဝယ်မှုများ တိုးတက်များပြားလာသည်ကို တွေ့ရှိနိုင်ပါတယ်။ ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင်များရဲ့ ပြောဆိုချက်များအရ အိမ်ရှာဖွေသူများဟာ အိမ်ခြံမြေရှာဖွေရေးမှာ အထောက်အကူ ဖြစ်စေသော အွန်လိုင်းများကို သုံးစွဲခြင်း ပိုမိုများပြားလာသည်ဟုဆိုပါသည်။
အိမ်ခြံမြေရှာဖွေခြင်း ထုံးတမ်းစဉ်လာပုံစံမှာ သတင်းစာများ၊ လုပ်ငန်းနှင့်ဆိုင်သော စာစောင်၊ မဂ္ဂဇင်းများကို ကြည့်ရှုရှာဖွေခြင်းများ ဖြစ်ပြီး လူကြိုက်အများဆုံးလည်း ဖြစ်နေသေးပါသည်။ သို့သော် အွန်လိုင်းဝန်ဆောင်မှုများဟာ လျင်မြန်ပြီး House.com.mm က စာရင်းကောက်ယူထားသည့် ၈၆ % လေ့လာချက်များအရ နောက်လာမည့် ဆယ်စုနှစ်တစ်ခုတွင် ပိုမိုများပြားလာမည်ဖြစ်ကြောင်း အကျိုးဆောင်များက ခန့်မှန်းထားပါတယ်။ ယခုအခါ အိမ်ခြံမြေ အကျိုးဆောင်များသည် ကြော်ငြာများကို အစဉ်အလာအတိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နှင့် စာနယ်ဇင်းများ ပုံနှိပ်ထုတ်ဝေပြီး ကြော်ငြာခြင်းထက် အွန်လိုင်းမှ ပို၍ ကြော်ငြာလိုကြပါတယ်။
ထို့အပြင် House.com.mm မှ လေ့လာဆန်းစစ်ထားသောအချက်အလက်များအရ ၃ပုံ ၂ပုံခန့်ရှိသော ပြည်တွင်း အိမ်ခြံမြေအကျိုးဆောင်များဟာ ၂၀၁၅ နှစ်တွင်း အိမ်ခြံမြေဈေးကွက် ပိုမို ကျယ်ပြန့်လာပြီး တိုးတက်မှုရာခိုင်နှုန်း % ထက်ပိုမည်ဟု ခန့်မှန်းထားပါတယ်။ ဈေးကွက်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်သော အိမ်၊ တိုက်ခန်းနှင့် ရုံးနေရာများမှာ ဝယ်ခြင်းနှင့်ငှားခြင်း နှစ်မျိုးစလုံး ၂၀၁၄ ခုနှစ်တွင် ပုံမှန်တိုးတက်ခဲ့ပြီဖြစ် သည်ဟု အကျိုးဆောင်များကလည်းပြောဆိုထားပါတယ်။
ဤသုံးသပ်ချက်များနှင့်မြန်မာနိုင်ငံ၏ အင်တာနက်ဆိုင်ရာလုပ်ငန်းများကို အသေးစိတ်သိလိုပါက House.com.mm   http://en.house.com.mm/research/ မှ လည်း အသေးစိတ်လေ့လာနိုင်ပါတယ်။