3/20/2015

♪ Android 5.1 ကို ဖြန့်ချီမည် ♫

၂

Google က သူ၏ တရားဝင် Android Blog တွင် Android 5.1 ကို ဖြန့်ချီပေးမည်ဟု ရေးသားထား ပါသည်။ ဗားရှင်းအသစ်တွင် စွမ်းဆောင်ချက်အသစ်များပါရှိလာပါသည်။

Quick Settings သည် အခြား Menu တစ်ခုကို ဖွင့်ရန် မလိုဘဲ WiFi Network နှင့် Bluetooth Device များကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။ SIM Card Ports များစွာပါသည့် ဖုန်းများတွင် Card များကို ပြောင်းလဲရန် မလိုဘဲ ဖုန်းမှနေ၍ ဆော့ဝဲ စွမ်းဆောင်ချက်ဖြင့် ပြောင်းလဲနိုင်မည် ဖြစ်သည်။ Android 5.1 Device များတွင် High Definition Voice Calling များပြုလုပ်နိုင်မည် ဖြစ်သဖြင့် ဆက်သွယ်မှုအပိုင်းတွင်လည်း တိုးတက်လာပါသည်။

Google သည် ခိုးယူခံရသော ဖုန်းများ၊ ပျောက်ဆုံးသွားသော ဖုန်းများအတွက်လည်း လုံခြုံရေးကို တိုးမြှင့်ပေးထားပါသည်။ Factory Reset ပြုလုပ်လိုက်သော်လည်း Device ကို ပိုင်ရှင်၏ Google Account ဖြင့် Signin ၀င်ရန် လိုအပ်ပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို Nexus 6 နှင့် 9 တို့တွင် အစောဆုံး အသုံးပြုနိုင်မည် ဖြစ်သကဲ့သို့ Android 5.1 ထည့်သွင်းထားသော အခြား Device များတွင်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com