စမတ်ဖုန်းများကို ရွှေဖြင့် အလှဆင်ပြီး ထုတ်လုပ်ရောင်းချနေတဲ့ ဗြိတိန်
အခြေစိုက် လက်ဝတ်ရတနာ အရောင်းဆိုင် Goldgenie က ဒီနေ့မှာပဲ Samsung Galaxy
S6 နဲ့ S6 Edge တို့အတွက် အမှာစာများ ကိုလက်ခံလိုက်ပါပြီ။
ဖုန်းနှစ်လုံးကို ရွှေ ၂၄ ကာရက်နဲ့ အလှဆင်ပြီး ရောင်းချမှာ ဖြစ်သလို Rose Gold, Platnium တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Goldgenie က သုံးမျိုးသုံးစားလုံးဟာရောင်းကောင်းမယ်လို့ မျှော်လင့်နေ ပါတယ်။
၂၄ ကာရက် ရွှေနဲ့ ပြုလုပ်ထားတဲ့ Galaxy S6 ကို ဒေါ်လာ ၂၄၅၇ နဲ့ ရောင်းချပေးမှာပါ။ Samsung က ဧပြီလ ၁၀ ရက်နေ့မှာ ဖုန်းနှစ်လုံးကို စတင်ရောင်းချပေးမှာ ဖြစ်ပြီး Goldgenie ကတော့ Samsung ရဲ့ ရောင်းချမှုအပြီး နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ ရွှေနဲ့ အလှဆင်ထားတဲ့ စမတ်ဖုန်းတွေကို ၀ယ်ယူ သူထံ အရောက်ပို့ပေးမှာပါ။
Myanmar Digital Life Journal