3/20/2015

♪ ရှောင်မီက ယခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယမ်ဖိုး ရောင်းချနိုင်ရန် မျှော်လင့် ♫

1

သက်တမ်းငါးနှစ် ပြည့်ပြီ ဖြစ်သော တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီသည် ယခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယမ်ဖိုး ရောင်းချနိုင်ရန် မျှော်လင့်နေပါသည်။

အဆိုပါ ရည်ရွယ်ချက်ကို ရှောင်မီ၏ စီအီးအို Lei Jun က ဘေဂျင်းရှိ ပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ် ပါသည်။ ယခုမျှော်မှန်းချက်သည် ယခင်နှစ် ရောင်းအားထက် ၃၀ ရာခိုင်နှုန်းတိုးတက်စေခြင်း ဖြစ် ပါသည်။ ရှောင်မီသည် ယခင်နှစ်တွင် ဒေါ်လာ ၁၂ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့ပါသည်။

ရှောင်မီသည် အလျှင်မြန်ဆုံး တိုးတက်လာသည့် ကုမ္ပဏီ ဖြစ်သော်လည်း Apple ၏ ရောင်းအားနှင့် နှိုင်း ယှဉ်လျှင် များစွာ နောက်ကောက်ကျနေပါသည်။ Apple သည် ယခင်နှစ်တွင် ဒေါ်လာ ၁၈၂ ဘီလီယမ် ဖိုး ရောင်းချနိုင်ခဲ့ပါသည်။ အသားတင်အမြတ် အပိုင်းတွင်လည်း ရှောင်မီသည် ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၅၆ သန်းသာ မြတ်စွန်းခဲ့ပါသည်။

ရှောင်မီသည် Apple ထုတ်ကုန်များနှင့် ဆင်တူသော စမတ်ဖုန်းများကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်သည့်အတွက် နာမည်ကြီးပါသည်။ ရှောင်မီသည် တရုတ်တွင် Samsung ကို ကျော်ဖြတ်လျှက် ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါသည်။ အမေရိကန် ဈေးကွက်သို့ ထိုးဖောက်ရန်လည်း ကြိုးစားနေပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com