2/04/2017

♪ “ဒေါ်လာ ၁၀၀ သက်သာတဲ့ တန်ဖိုးနည်း Surface Pro 4” ♫

Image may contain: screen and laptop

ဒစ်ဂျစ်တယ်ဘောပင်မပါတဲ့ တန်ဖိုးနည်း Surface Pro 4 တက်ဘလက်ကို Microsoft က အမေရိကန် အွန်လိုင်း စတိုးမှာ ရောင်းချပေးလိုက်ပါတယ်။ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် အမျိုးအစားဖြစ်ပြီး Intel Core m3 Chipset မောင်းနှင် မှာဖြစ်ပါတယ်။ 

4GB RAM, 128GB Internal Storage တပ်ဆင် ထားပါတယ်။ ဒေါ်လာ ၇၉၉ တန်ကြေးရှိပြီး မူလ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ မူလ တက်ဘလက်ထက် ဒေါ်လာ ၁၀၀ သက်သာပါတယ်။ ထူးခြားတာက Surface Pen ကို ၅၉.၉၉ ဒေါ်လာဖြင့် သီးခြားဝယ်ယူနိုင်တာဖြစ်ပါတယ်။ အဲဒီအတွက် ဒစ်ဂျစ်တယ် ဘောပင်မပါတဲ့ မော်ဒယ်နဲ့ ဒစ်ဂျစ်တယ် ဘောပင် ကို သီးခြားဝယ်ယူရင် ဒေါ်လာ ၅၀ လောက်သက်သာမှာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com