2/14/2017

♪ “Sony Xperia XA” ♫

Image may contain: one or more people and text

ဂျပန်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Sony အနေနဲ့ ဈေးကွက်ထဲမှာရှိတဲ့ အလယ် အလတ်အဆင့်ရှိဖုန်းထုတ်သူတွေ နဲ့ယှဉ်ပြိုင်နိုင်စေဖို့ Xperia XA ဆိုတဲ့ဖုန်းလေးကိုထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်နဲ့ဘေးအနားသတ် လေးတွေ ပိုမိုကျဉ်းမြောင်း သွားတာကလွဲလို့ အခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတာမတွေ့ရပါဘူး။ 

ကျစ်လျစ် သပ်ရပ်တဲ့ ကိုယ် ထည်ဒီဇိုင်းနဲ့ XA ဖုန်းကိုစမ်းသပ်လေ့လာကြည့်တဲ့အခါမှာ ထင်မှတ်မထားတဲ့တုံ့ပြန်မှုတွေရရှိလာပါတယ်။ မျက်နှာပြင် အရွယ် အစား ၅လက်မနဲ့အတူပုံရိပ်ဖော်ပြနိုင် မှုမှာတော့ 720p ရရှိနိုင်ပါလိမ့်မယ်။ ဆင်းကတ်ထည့်သွင်းသုံးစွဲမှုတော့ နာနိုဆင်းကိုသာ ထည့်သွင်းနိုင်ပါလိမ့်မယ်။ ဒါအတွက်လည်း အခုဆိုရင် MPT က နာနိုဆင်းကတ်တွေ လဲလှယ်ပေးနေပါပြီ။ အကြမ်းခံကာကွယ် နိုင်မှုအတွက်ကိုတော့ scrath resistant-glass ကိုသုံးထား ပါတယ်။ တိကျသပ်ရပ်တဲ့ပုံရိပ်ဖော်ပြမှုနိုင်အစွမ်းအတွက် ထောက်ပံ့ ပေးမှာ ကတော့ 249ppi နဲ့အတူ ဆိုနီကထောက်ပံ့ပေးထားတဲ့ display နည်းပညာ တွေကိုပါရရှိနိုင်ပါလိမ့်မယ်။ IPS-LCD ထိတွေ့ မျက်နှာပြင်ဖြစ်ပြီး multi-touch အတွက် လက်ချောင်း ၄ ခုသာ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဆိုနီအနေနဲ့ XA ရဲ့ကိုယ်ထည် ဒီဇိုင်းပိုင်းကို ကျစ်လျစ်သပ်ရပ်မှုရှိစေဖို့အတွက် Edge အ၀ိုက်ပုံစံလေးတွေဖြစ်အောင် လုပ်ထားပြီးစပီကာကို ဖုန်းရဲ့ အောက်ခြေ မှာတပ်ဆင်ပေးထားပါတယ်။ ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်နဲ့ ကင်မရာရိုက်ကူးဖို့အတွက် ခလုတ်ကိုတော့ ဖုန်းရဲ့ ညာဘက် ဘေးဘောင်မှာ တပ်ဆင်ပေးထားပါတယ်။ ဘယ်ဘယ်ဘေးဘောင်မှာတော့ ဆင်းကတ်ထည့်သွင်းစရာ tray ပေါက်နဲ့ SD card ထည့်စရာ အံဝှက်လေး တွေကိုတွေ့ရမှာဖြစ်ပါတယ်။ အခြား စမတ်ဖုန်းတွေလို SD card ထည့်သွင်း တဲ့နေရာနဲ့ ဆင်းကတ်ထည့်သွင်းတဲ့နေရာကိုအတူတူမဟုတ်ဘဲ ခွဲခြားပြုလုပ် ပေးထားပါတယ်။


ဆင်းကတ်နှစ်ခုအထိ ထည့်သွင်းနိုင်ပြီး Nano Sim သာ လက်ခံ နိုင်မှာဖြစ်ပါတယ်။ ကင်မရာကိုတော့ နောက်ကျောဘက်ထောင့်မှာ တပ်ဆင်ထားပါတယ်။ UI အပြင်အဆင်ကို ကြည့်လိုက်တဲ့အခါမှာလည်း Xperia UI ထက်စာရင် Google UI ပုံစံမျိုးဖြစ်သွားပါတယ်။ ဆိုနီသုံးစွဲသူတွေ အတွက် ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ သုံးစွဲနိုင်မှာဖြစ်ပြီး မြန်မာဖောင့်အတွက်တော့ သေချာထည့်သွင်းပေးမှသာရပါလိမ့်မယ်။ ဒီဖုန်းက Dual Sim ဆင်းကတ် နှစ်ကတ် ဗားရှင်းဖြစ်ပါတယ်။ နှစ်ကတ်စလုံးက 3G Network ကို အသုံးပြုနိုင် ပါတယ်။ အခြားသော WiFi, Bluetooth 4.0, NFC စတာတွေလည်း အားလုံး ပါရှိပါသေးတယ်။ မော်ဒယ်နှစ်မျိုးထုတ်ထားပြီးပြည်တွင်းဈေးကွက်ကိုတော့ Dual-Sim ပဲရှိမှာပါ။ ကိုယ်ထည်ရဲ့ဘေးဘက်ဘောင်တွေကိုတော့ အလူမီနီယမ်နဲ့ ဖြစ်ပြီး ကျန်တဲ့အပိုင်းတွေအားလုံးကိုတော့ ပလတ်စတစ် အသုံးပြု ထားပါတယ်။

ဖန်သားအကွေးပုံစံလေးနဲ့အတူ X စီးရီးဖုန်းတွေထဲမှာတော့ ဈေး အသက်သာဆုံးလို့ ဆိုနိုင်ပါတယ်။ Sony ရဲ့ဖုန်းအသစ်ဟာ ကင်မရာဖုန်းလို့ တောင် ဆိုနိုင်ပါတယ်။ သူ့မှာ ကင်မရာနဲ့ပတ်သက်တဲ့လုပ်ဆောင် ချက်တွေကို အများအပြားသုံးစွဲနိုင်လို့ပါ။ လက်တွေ့စမ်းသပ်သုံးစွဲမှုတွေအရ နောက်ဆုံးပေါ် စမတ်ဖုန်း အများစုနဲ့ ကင်ရာပိုင်းဆိုင်ရာလုပ်ဆောင်ချက်ကို ယှဉ်ကြည့်တဲ့အခါမှာ XA မှာသာ နေတဲ့အချက်တွေ ရာခိုင်နှုန်းအတော်များ နေပါတယ်။ အရှေ့ဘက်ကင်မရာနဲ့ ဓာတ်ပုံရိုက်ကြည့်တဲ့အခါမှာ ကျယ်ပြန့်တဲ့ ရုပ်ပုံဖမ်းယူမှုကိုပေးထားပြီး ရှင်းလင်းပြတ်သားမှုလည်းရှိပါတယ်။ Sony ရဲ့မျိုးဆက် သစ်ကင်မရာဖုန်းဖြစ်ပြီး Selfie Pro စမတ်ဖုန်းလို့တောင်ဆို နိုင်တယ်။ သူရဲ့လုပ်ဆောင်နိုင်မှုတွေကို သွက်လက်မြန်ဆန်နေစေဖို့ အတွက် Octa-core ပရိုဆက်ဆာကိုသုံးထားပါတယ်။ ပရိုဆက်ဆာရဲ့ထောက်ပံ့ပေးမှု ကြောင့် Octa-core 2.0 GHz Cortex-A53 အမြန်နှုန်းရရှိနိုင်မှာဖြစ်ပြီး ဖျော်ဖြေရေးဆိုင်ရာ၊ ဂိမ်းတွေဆော့ကစားတဲ့အခါမှာ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်မှုကို ရရှိစေပြီး multitask လုပ်ဆောင်ချက်ကလည်း ပြည့်စုံပါ တယ်။


Selfie ရိုက်တယ်ဆိုတဲ့နေရာမှာဓာတ်ပုံသီးသန့်သာ ရိုက်နိုင်တာ မဟုတ်ပါဘူး။ selife video တွေလည်း ရိုက်ကူးနိုင်ပါတယ်။ အဲလုပ်ဆောင်ချက် အတွက် 8MP Exmor R အရှေ့ဘက်ကင်မရာ ကို တပ်ဆင်ပေးထားပါတယ်။ Selfie ရိုက်ကူးမှုမှာတော့ လုပ်ဆောင်ချက် ၄ ခုပေးထားပြီး၊ AR effect, sticker-creater, sound photo လုပ်ဆောင်ချက်တွေကိုလည်း သုံးနိုင်ပါလိမ့် မယ်။ အလင်းရောင်မလုံလောက်တဲ့အခန်းထဲမှာ ရိုက်ကူးတဲ့ပုံတွေအတွက် ရှင်းလင်းပီသတဲ့ ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပြီး Wide Angle က 25mm ပေးစွမ်းမှာပါ။ LED Flash ကိုလည်း လိုအပ်သလိုချိန်ညှိ နိုင်ပါလိမ့်မယ်။

အရှေ့ဘက်ကင်မရာအတွက် auto flash တပ်ဆင်ပေးထားပြီး soft snap, Nightportrait, infant လုပ် ဆောင်ချက်တွေကို အသုံးချနိုင်ပါလိမ့်မယ်။ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုကတော့ video တွေရိုက်တဲ့အချိန်မှာ သုံးဖို့အတွက် Steadyshot နည်းပညာကိုထောက်ပံ့ပေးထားလို့ လက်မငြိမ် လို့ပုံတွေမကောင်းတာမျိုးတွေ ဖြစ်စေတော့မှာ မဟုတ်ပါဘူး။ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အချိန်ဟာ စက္ကန့်ပိုင်းလောက်သာကြာမြင့်စေမှာပါ။ ဖုန်းတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်း တွေကို သွက်လက်စွာ စွမ်းဆောင်နိုင်စေဖို့ အတွက် 64bit 8core ပရိုဆက်ဆာရဲ့ထောက်ပံ့မှုကလည်း အရေးကြီးလှပါ တယ်။ 


ဂရပ်ဖစ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ mail T860MP2 ကိုပေါင်းစပ် ထည့်သွင်းပေးထားပါတယ်။ အချက်အလက် သိုလှောင် သိမ်းဆည်းနိုင်ဖို့ အတွက်ကတော့ 16GB ROM နဲ့အတူ 2GB RAM က သင့်တင့်တဲ့သိုလှောင်မှု ပမာဏကိုပေးစွမ်းပါလိမ့်မယ်။ အဓိက ကင်မရာကတော့ 13MP ဖြစ်ပြီး 1/3sensor အရွယ်အစားနဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com