2/02/2017

♪ " Samsung Galaxy S8 အား မတ် ၂၉ တွင် မြင်ရရန် သတင်းများထွက်ပေါ် " ♫

Image may contain: text

Samsung သည် မကြာမီ ထွက်ရှိလာနိုင်သည့် အဆင့်မြင့် စမတ်ဖုန်း Galaxy S8 နှင့် S8 Edge တို့အား မတ် ၂၉ ၀န်းကျင်၌ပင် ပြသသွားနိုင် သည်ဟု သတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။ ဖုန်းအသစ်နှစ်ခုတွင် 5.7 လက်မ Galaxy Note 7 ထက်ပင်ကြီးမားသော screen များ ပါဝင်လာနိုင်သည်ဟုလည်း သတင်းပြေးလျက်ရှိသည်။

S8 တွင် 5.8” display နှင့် S8 Edge တွင် 6.2” display ပါဝင်မည်ဟု ဆိုထားပြီး ဘေးဘောင်များလည်း အထူးသေးငယ်မယ် လို့ ဆိုပါတယ်။ Capacitive ခလုတ်များကိုသာ သုံးစွဲမည်ဟု သိရပြီး 2017 မှ စကာ နောက်ပိုင်းတွင် ခေတ်စားလာမည့် ပုံစံတစ်ခုဖြစ်ပြီး display အရွယ်အား ပို၍ကြီးစေနိုင်သည်။ Samsung ၏ နောက်ဆုံးထွက်မည့် Flaship စမတ်ဖုန်းအား လူများစွာမှ စိတ်ဝင်စားနေကြပြီး Samsung အနေဖြင့်လည်း
S8 ဖြင့် ပရိသတ်များ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ယူရမည်ဖြစ်ပြီး ယခင်က Samsung ဖုန်းမသုံးသူများကိုပါ သုံးစွဲချင်လာရန် ဆွဲဆောင်ရမည်ဖြစ်သည်။ ထို့အပြင် Galaxy S8 တွင် မိုဘိုင်းကဏ္ဍတွင် နှောင့်နှေးခဲ့သော အမြတ်ငွေကိုလည်း ပြန်လည်ရှာဖွေနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။


Galaxy S8 တွင် revised 8-point battery စမ်း သပ်မှုကို ပြုလုပ်ကာ နေရာလွတ်များများလည်း ပေးထားမည်ဟု ကုမ္ပဏီမှ ဆိုခဲ့သည်။ နောက်ထပ်သတင်းတစ်ခုကမှ ဧပြီ ၁၄ (သို့) ၁၈ တွင် Galaxy S8 ကို စတင်ရောင်းချမည်ဟု ဖော်ပြခဲ့သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com