2/02/2017

♪ " အူရီဒူးမြန်မာမှ ဖုန်းငွေဖြည့်ရုံဖြင့် ဖေ့ဘုတ်အခမဲ့ပါဝင်သည့် Plan သစ်မိတ်ဆက် " ♫

Image may contain: 1 person, text

အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုမှု၊ Viber၊ Beetalk တို့အပြင် ဖေ့ဘုတ်အခမဲ့ အသုံးပြုခွင့်ပါ ထည့်သွင်းလိုက်သည့် ပလန်သစ်တစ်ခုအား အူရီဒူးမြန်မာမှ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်ရုံဖြင့် အခြားများပြားသော ၀န်ဆောင်မှုများကို အခမဲ့အသုံးပြုခွင့်ရမည့် အခမဲ့ Facebook, Viber, Beetalk နှင့် အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်တို့ ရရှိနိုင်မည်ဖြစ်သည်။
ဖုန်းငွေမဖြည့်သွင်းခင် *4444# ကိုခေါ်ဆိုစာရင်းသွင်းရမည်ဖြစ်ပြီး ဖုန်းငွေဖြည့်ပြီးနောက်တွင် အခမဲ့ Facebook, Viber, Beetalk နှင့် အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် ရရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ ဖုန်းငွေဖြည့်သွင်းသည့်ပေါ်တွင်မူတည်ပြီး အခမဲ့သုံးစွဲခွင့်သက်တမ်းများ ပိုမိုရရှိသွားမည်ဖြစ်ကြောင်း သိရသည်။


ငွေကျပ် ၁၀၀၀ မှ ၂၉၉၉ ကျပ်အတွင်း ဖြည့်သွင်းပါက အခမဲ့သက်တမ်း ၃ ရက်ပေးထားပြီး ငွေကျပ် ၃၀၀၀ မှ ၉၉၉၉ ကျပ်အတွင်း ဖြည့်သွင်းပါက အခမဲ့အသုံးပြုခွင့် သက်တမ်း ၅ ရက် ပေးထားပါသည်။ ငွေကျပ် ၁ သောင်းနှင့် အထက်ဖြည့်သွင်းသူများမှာမူ အခမဲ့အသုံးပြုခွင့်သက်တမ်း ၁၅ ရက် ရရှိမည်ဖြစ်သည်။


အခမဲ့အသုံးပြုနိုင်မည့် ပလန်ထဲတွင် ဖေ့ဘုတ် 500 MB နေ့စဉ်အခမဲ့၊ Viber နှင့် Beetalk အခမဲ့ 100 MB ၊ အူရီဒူးဖုန်းအချင်းချင်း နေ့စဉ် မိနစ် ၅၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တို့ပါဝင်ပါသည်။ 


အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦးဖြစ်သော မပွင့်ဦးဆွေက “ အူရီဒူးရဲ့ စစ်တမ်းအရ လက်ရှိ ဖေ့ဘုတ်သုံးတဲ့သူတွေထဲမှာ ပျမ်းမျှ 350 MB လောက်အထိပဲ သုံးကြတာတွေ့တယ်။ ပြီးတော့ Viber နဲ့ Beetalk ကတော့ တစ်နေ့ကို 50 MB လောက်ပဲ သုံးကြပါတယ်။ အဲဒီစစ်တမ်းပေါ်မှာမူတည်ပြီး အခုအစီအစဉ်ကို ပြုလုပ်ရတာပါ၊ အရင်ပေးထားတဲ့ Free for all အစီအစဉ် ယူထားတဲ့သူတွေက အစီအစဉ်ယူထားတဲ့ သက်တမ်းကုန်တာနဲ့ ပြီးပါပြီ။ အခုပြောင်းလဲလိုက်တဲ့ အသစ်ကိုပဲ ယူရမှာပါ။ ဖေ့ဘုတ်အတွက်ပေးထားတဲ့ Unlimited ပလန်ကလည်း နာမည်ပြောင်းလိုက်တယ်။ Facebook pack ဖြစ်သွားတယ်။ သူကလည်း တစ်ပတ်စာကို 1 GB အကန့်သတ်နဲ့ ဖြစ်သွားတယ်။ ကိုယ်က ဖေ့ဘုတ် pack ပါ ထပ်ယူထားမယ်ဆိုရင် ဖုန်းငွေဖြည့်ထားတဲ့ အခမဲ့ထဲက အရင်ဖြတ်မယ်။ အဲဒီက သုံးစွဲခွင့် 500 MB ကုန်မှ pack ထဲက ဖြတ်မှာပါ။” ဟု ပြောသည်။ 


အဆိုပါအစီအစဉ်သစ်အား ဇန်န၀ါရီ ၂၃ ရက်နေ့မှ စတင်ရယူနိုင်ပြီဖြစ်ပြီး *4444# သို့ဖုန်းခေါ်ဆိုပြီး နံပါတ် ၁ ကိုနှိပ်ကာ ရယူနိုင်မည်ဖြစ်သည်။ 




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com