2/02/2017

♪ “Moto G5 နဲ့ G5 Plus စမတ်ဖုန်းများရဲ့ သတင်းထွက်ပေါ်” ♫

Image may contain: phone and text

ဖေဖော်ဝါရီလမှာဘာစီလိုနာတွင်ကျင်းပမယ့် Mobile World Congress (MWC) မှာ ကမ္ဘာအ၀န်းမှ စမတ်ဖုန်းထုတ်လုပ်သူများကနည်းပညာမြင့် ဖုန်းများကိုအပြိုင်အဆိုင် မိတ်ဆက်ကြတော့မှာ ဖြစ်ပါတယ်။ Motorola ကလည်းအဲဒီပွဲမှာ Moto G5 နဲ့ G5 Plus စမတ်ဖုန်းအသစ် ၂ လုံးကိုမိတ်ဆက် မယ်လို့ သတင်းထွက်နေပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ G5 ဟာ ၅ လက်မအရွယ် ဖြစ်ပြီး 2GHz Octa-Core Qualcomm Snapdragon 625 Processor , 4GB RAM, 32GB Storage , microSD Card Slot တပ်ဆင်ထားမယ်လို့ သိရပါတယ်။

G5 Plus ကတော့ ၅.၅ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 3100mAh Battery ပါရှိပါတယ်။ G5 Plus ရဲ့ အခြားသတင်းများကိုတော့ မသိရသေးပါဘူး။ G5 ကိုဒေါ်လာ ၃၅၀ ၊ G5 Plus ကိုဒေါ်လာ ၄၇၅ ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်များကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် MWC ပွဲမှာသိရမှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com