2/07/2017

♪ iPhone 6 Plus ညသန်းခေါင်မှာ မီးထလောင် ♫


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှ လင်မယားစုံတွဲက ညသန်းခေါင် iPhone 6 Plus မီးလောင်မှုကို NBC သတင်းဌာနကို မျှဝေခဲ့ပါတယ်။ လင်မယား ၂ ယောက် အိပ်ပျော်နေတဲ့ ညသန်းခေါင်အချိန်မှာ ကုတင်ဘေးမှ ခုံမှာ တင်ထားတဲ့ iPhone 6 Plus ဟာ မီးလောင်ခဲ့ပါတယ်။

“ ကျွန်မ မျက်နှာဟာ ဖုန်းနဲ့ အရမ်းနီးကပ်နေခဲ့ပါတယ်။ မီးတောက်အရှိန်ကြောင့် ချက်ချင်း နိုးခဲ့ပါတယ်။ ကျွန်မက အအိပ်ဆတ်သူဖြစ်လို့ ကံကောင်းခဲ့တာပါ။ မီးတောက်အရှိန်ဟာ တော်တော်များခဲ့ပါတယ်။ “ လို့ အမျိုးသမီးက NBC ကို ပြောပြပါတယ်။ သူမ အမျိုးသားလည်း နိုးလာပြီး ရှပ်အင်္ကျီနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သူမက အိပ်ယာ မနိုးခဲ့ရင်တော့ လိုက်ကာကို မီးစွဲတော့မယ်လို့ ပြောပါတယ်။

သူတို့လမ်းထဲမှာပဲ iPhone 6 Plus တစ်လုံး ဘက်ထရီ ပြဿနာ တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖုန်း ပိုင်ရှင်ကလည်း NBC ကို သူ့ရဲ့ အဖြစ်ကို ပြောပြခဲ့ပါတယ်။ သူရဲ့ ဖုန်းဟာ ဘက်ထရီ အားသွင်းလို့ မရဖြစ်ခဲ့ပြီးနောက်မှာ ဘက်ထရီဟာ အရည်ပျော်ပြီး ပုံပျက်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဘက်ထရီကတော့ မီးလောင်မှု မဖြစ်ခဲ့ပါဘူး။

Apple က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ စမတ်ဖုန်းများကို အိပ်ယာထဲမှာ ထားပြီး မအိပ်သင့်ကြောင်းနဲ့ လေ၀င်လေထွက်ကောင်းတဲ့ နေရာမှာ အားသွင်းသင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com