2/04/2017

♪ Instagram update အသစ်မှာ Multi-photo post တွေ တင်နိုင်တော့မည် ♫


Instagram အသုံးပြုသူတွေဟာ Facebook ပေါ်မှာလိုမျိုး Post တစ်ခုတည်းမှာ ဓာတ်ပုံတွေ တစ်ပုံထက် ပိုတင်နိုင်တဲ့ multi-photo post တွေကို တင်ချင်ကြပေမယ့် ဒီကနေ့အထိ Instagram က Post တစ်ခုမှာ ပုံတစ်ပုံသာ တင်ဖို့ ခွင့်ပြုထားပါတယ်။

အခုအချိန်မှာတော့ User တွေ မျှော်လင့်နေတဲ့ သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။ အဲ့ဒါကတော့ လက်ရှိအချိန်မှာ Instagram ဟာ multi-photo post တွေကို စတင်စမ်းသပ်နေပြီဖြစ်ပြီး သင်ဟာ Instagram ကို မကြာခဏ ဝင်ဝင် ကြည့်တတ်တဲ့သူဆိုရင် အချို့ Advertiser တွေစမ်းသပ် တင်နေကြတဲ့ multi-photo post တွေကို သတိပြုမိနိုင်ပါတယ်။

instagrammultiphotopost

အဲလို သတိပြုမိလို့ စမ်းပြီးမတင်ကြည့်ကြပါနဲ့ဦး။ တင်ကြည့်ရင်လည်း အောင်မြင်မှာမဟုတ်သေးပါဘူး။ စမ်းသပ်ထုတ်လုပ်ထားတဲ့ beta app ကို ရရှိထားသူတွေသာ တင်လို့ရနေသေးတာဖြစ်ပါတယ်။

ဒီ feature ဟာ မကြာခင်အချိန်အတွင်းမှာ update version တစ်ခုအနေနဲ့ လူတိုင်းအတွက် ထွက်ရှိလာတော့မှာဖြစ်ပြီး တစ်ပုံထက်ပိုတဲ့ ဓာတ်ပုံတွေကို select မှတ်ကာ post နိုင် edit လုပ်နိုင်တော့ မှာဖြစ်ပါတယ်။

ကန့်သတ်ချက်တစ်ခုအနေနဲ့ Facebook လို အရေအတွက်စိတ်ကြိုက်တင်နိုင်မှာမဟုတ်ဘဲ အများဆုံး (၁၀) ပုံသာ တင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။




Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com