2/02/2017

♪ " Huawei P9 Lite VS Xiaomi Mi 4s " ♫

Image may contain: phone

အခုတစ်ခေါက်မှာတော့ ၂ဝ၁၆ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းလောက်က ထွက်ရှိထားတဲ့ အဆင့်မြင့်စမတ်ဖုန်း ၂ လုံးဖြစ်တဲ့ Huawei P9 Lite နဲ့ Xiaomi Mi 4s တို့ကို နှိုင်းယှဉ်ပေးသွားပါမယ်။ Huawei P9 Lite က P9 flagship ဖုန်းကို အနည်းငယ်အဆင့်နိမ့်ပြီး ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့ပါတယ်။ Xiaomi Mi 4s ကတော့ ၂ဝ၁၄ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Xiaomi Mi 4 ကို ထပ်မံအဆင့်မြှင့်တင်ပေးထားတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ၄င်းဖုန်း ၂ လုံးမှာ တူညီတဲ့အချက်တွေရှိသလို ကွာခြားတဲ့အချက်တွေလည်းရှိပေမယ့် အရမ်းကြီးတော့ ကွာဟမနေပါဘူး။ GSM, HSPA နဲ့ LTE Networks တွေကို Huawei P9 Lite က ထောက်ပံ့ပေးနိုင်ပြီး Mi 4s ကတော့ ၄င်း networks ၃ ခုအပြင် CDMA ကိုပါ အသုံးပြုနိုင်ပါတယ်။ ဖုန်း ၂ ခုစလုံးမှာ Dual-SIM စနစ်ပါရှိပြီး Fingerprint Sensor ကို အနောက်ဘက်မှာ တပ်ဆင်ပေးထားတာခြင်းလည်း တူညီပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ Mi 4s က အနည်းငယ်ပိုကောင်းတာကို တွေ့ရပါတယ်။

* Design *

1. Huawei P9 Lite
Huawei P9 Lite ရဲ့ အရွယ်အစားက 146.8 x 72.6 x 7.5 mm ရှိပြီး အလေးချိန်ကတော့ 147g သာ လေးပါတယ်။ ဘေးဘောင်တွေက Aluminium Frame တွေဖြစ်ပြီး နောက်ကျောဘက်ကို polycarbonate ပလတ်စတစ်နဲ့ ပြုလုပ်ပေးထားပါတယ်။

2. Xiaomi Mi 4s
Xiaomi Mi 4s ရဲ့ အရွယ်အစားကတော့ 139.3 x 70.8 x 7.8 mm ရှိပြီး 133g သာ လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းပုံစံရှိပြီး ရရှိနိုင်တဲ့အရောင်တွေကတော့ အမည်းရောင်၊ အဖြူရောင်၊ ရွှေရောင်နဲ့ ပန်းရောင်တို့ပဲ ဖြစ်ပါတယ်။

* Processor *

1. Huawei P9 Lite
P9 Lite ရဲ့ processor ပိုင်းကို RAM 2GB/3GB ပါရှိတဲ့ Octa-core (4x2.0GHz Cortex-A53 & 4x1.7GHz Cortex-A53) processor နဲ့ HiSilicon Kirin 650 Chipset တို့က ပံ့ပိုးပေးထားပြီး Mali-T830MP2 GPU ရဲ့အကူအညီတို့ကိုလည်း ရရှိနိုင်ပါတယ်။

2. Xiaomi Mi 4s
Mi 4s မှာ Qualcomm MSM8992 Snapdragon 808 Chipset နဲ့ Hexa-core (4x1.4 GHz Cortex-A53 & 2x1.8GHz Cortex-A57) processor ကို ထည့်သွင်းပေးထားပြီး RAM ကတော့ 3GB ပါရှိပါတယ်။ သုံးစွဲထားတဲ့ GPU က Adreno 418 ဖြစ်ပါတယ်။

* Display *

1. Huawei P9 Lite
မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မသိပ်သည်းဆက ~424 ppi pixels ပမာဏရှိပါတယ်။

2. Xiaomi Mi 4s
Xiaomi Mi 4s က P9 Lite နဲ့ Display အမျိုးအစားချင်းတူညီပေမယ့် မျက်နှာပြင်အကျယ်က 5.0-inch သာ ရှိပါတယ်။ မျက်နှာပြင်က full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပြီး ဖုန်း ၂ ခုလုံးမှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Huawei P9 Lite
Huawei P9 Lite မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခုမှ မရှိဘဲ ဈေးနှုန်းလည်း သက်သာတာကို တွေ့ရပါတယ်။ Flagship ဖုန်းတစ်လုံးနီးပါး ကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို သက်သာတဲ့ဈေးနှုန်းမျိုးနဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အလွန်အဆင်ပြေပါတယ်။

2. Xiaomi Mi 4s
Xiaomi Mi 4s ကတော့ အရွယ်အစားနဲ့အလေးချိန်က သေးငယ်ပါးလွှာပြီး ပေါ့ပေါ့ပါးပါး ကိုင်တွယ်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒါ့အပြင် ဘက်ထရီစွမ်းအားကလည်း တစ်နေ့တာလုံးအတွက် လုံလောက်အောင် ပေးစွမ်းနိုင်ပြီး P9 Lite ထက် သာလွန်တဲ့ အချက်အနေနဲ့ Fast Battery Charging စနစ် ပါရှိပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com