2/03/2017

♪ အူရီဒူးမြန်မာမှ စီးပွားရေးလုပ်ငန်းသုံးဖုန်းများအတွက် ဈေးနှုန်းအသစ်ဖြင့် မိတ်ဆက် ♫


အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် အကြီးစားလုပ်ငန်းလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်များအတွက်  စီးပွားရေးလုပ်ငန်းသုံး မိုဘိုင်းဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးအပ်ကြောင်း ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။

ယခု အသစ်မိတ်ဆက်ပေးသည့်ဈေးနှုန်းသစ်သည် ဆက်သွယ်မှုအတွက် ကုန်ကျစရိတ်များသက်သာစေရန် သင့်တင့်မျှတသာ ဈေးနှုန်းဖြင့် ပိုမိုကောင်းမွန်းသော ဖုန်းခေါ်ဆိုခြင်း နှင့် အင်တာနက်အသုံးပြုခြင်းအတွက် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသစ်ဖြင့် ကြိုတင်ငွေဖြည့်စနစ်သုံး နှင့် လစဉ်ဘီလ်ရှင်းစနစ်ဖြင့် အသုံးပြုသောစနစ် ၂မျိုးလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ပေးအပ်သော ၀န်ဆောင်မှုတစ်ခုဖြစ်သည့် အူရီဒူး၏ စီးပွားရေးလုပ်ငန်းသုံး မိုဘိုင်းဝန်ဆောင်မှုသည် အဆင့်မီနည်းပညာကိုအသုံးပြုထားသည့်အတွက် စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှုကို ရယူထားသူများအနေဖြင့် ၎င်းတို့၏ ၀န်ထမ်းများအတွက် လိုအပ်သည့်ဒေတာပမာဏကို ရာထူးအလိုက်ဖြစ်စေ အသုံးပြုမှုအဆင့်အလိုက်ဖြစ်စေ မိမိလုပ်ငန်းလိုအပ်ချက်နှင့်အညီ စီမံခန့်ခွဲမှုကိုပါ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ၀န်ဆောင်မှုသည် လုပ်ငန်းအသေးအလတ်အကြီး စသည့် လုပ်ငန်းဆိုဒ်အားလုံးအတွက် အထူးအသုံးဝင်ပါသည်။

သုံးစွဲသူများအနေဖြင့်လည်း အူရီဒူးအခြင်းခြင်းဖုန်းခေါ်ဆိုမှု၊ အင်တာနက်အသုံးပြုမှုနှင့် အခြားအသုံးပြုနိုင် ခွင့်များအတွက် မိမိလုပ်ငန်းနှင့် ကိုက်ညီအဆင်ပြေသည့် Mobile Pack များကို ရွေးချယ်အသုံးပြုနိုင်ရန် အတွက်လည်း Biz Basic, Biz light Biz Classic, Biz Plus, Biz max နှင့် Biz Extreme စသည့်ဖြင့် အမျိုးအစားစုံလင်စွာ ၀န်ဆောင်မှုပေးထားပါသည်။ အခြားထပ်ဆောင်းရယူနိုင်သော ၀န်ဆောင်မှုအနေဖြင့် လည်း အင်တာနက်ပက်ကေ့ခ်ျများ၊ နိုင်ငံတကာဖုန်းခေါ်ဆိုရန်အတွက် ပက်ကေ့ခ်ျများ၊ ပြည်ပရောက်စဉ် အသုံးပြုမှုများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရယူနိုင်ပါသည်။

အူရီဒူးမြန်မာ၏ လက်ရှိစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုကို ရယူထားသူများအနေဖြင့်လည်း  အခုလက်ရှိရယူထားသော ၀န်ဆောင်မှုအမျိုးအစားကို မိမိ၏လုပ်ငန်း လိုအပ်ချက်ပေါ်မူတည်ပြီး ၀န်ဆောင်မှု အမျိုးအစားအသစ်ကို အချိန်စောင့်ဆိုင်းစရာမလိုဘဲ အူရီဒူးမြန်မာ၏ သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုအကြောင်းကြားခြင်းဖြင့် ပြောင်းလဲရယူနိုင်ကြောင်းသိရသည်။

အူရီဒူးမြန်မာ၏ B2B and Wholesales Officer ဖြစ်သော Mr. Anadi Agnihotri မှ  “အူရီဒူးမြန်မာ၏ စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှု ဟာဆိုရင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာကို အသုံးပြုထားတဲ့အတွက်ကြောင့် အဖွဲ့အစည်းများအားလုံးအတွက် သူတို့နေစဥ့်လုပ်ငန်းတွေမှာ ပိုမို အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးနိုင်ပါတယ်။ “ ဟု ပြောကြားခဲ့သည်။

အူရီဒူး၏ စီပွားရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးသောဌာနမှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေကြသော ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များအတွက့်  စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှုမျိုးစုံကို ပေးအပ်လျှက်ရှိသည့်အပြင် အရောင်းတာဝန်ခံများမှလည်း လိုအပ်သည့် ၀န်ဆောင်မှုများကို အကောင်းဆုံးပေးအပ်လျက်ရှိပါသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းစုဆိုင်ရာ ၀န်ဆောင်မှုများ၏ အနာဂတ်လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့လည်း အဆင်သင့်အနေအထား ဖြစ်ရန်အတွက်လည်း နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားပြီး ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ အူရီဒူး၏ စီးပွားရေးလုပ်ငန်းစုဆိုင်ရာ ၀န်ဆောင်မှုများနှင့်ပတ်သက်သော အချက်အလက်များကို သိရှိလိုပါက +၀၉၉၇၀၀၀၀၂၃၄ သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ care@ooredoo.com.mm သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း စုံစမ်းမေးမြန်းနိုင်သည့်အပြင် http://ooredoo.com.mm/en/Business.aspx. တွင်လေ့လာနိုင်ကြောင်းသိရသည်။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com