2/02/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ’’ ♫

Image may contain: one or more people, phone and text

မေး - Huawei ဖုန်းတွေမှာ Google Service ထည့်လို့ရပါသလား။
ဖြေ - ဖုန်းမှာ Root ရှိဖို့တော့လိုပါမယ်။ Google Service apk ဆိုတဲ့ App ကို SD Card ထဲထည့်ပါ။ ဖုန်းကို Recovery ခေါ်ပြီး Apply Update From SD Card ကို နှိပ်ပေးလိုက်ပြီး Install လုပ်ပေးလိုက်ရင် Setting ထဲက Add Account မှာ Google Service ပေါ်နေတာ တွေ့ရပါလိမ့်မယ်။

မေး - ဖုန်းထဲမှာရှိတဲ့ Contact တွေကို Zapya နဲ့ Sharing လုပ်ပေးလို့ ရပါသလား။
ဖြေ - ရပါတယ်။ ဖုန်းရဲ့ Contact Setting ထဲက Copy Contact ဆိုတဲ့ Box ထဲမှာ မိမိကော်ပီကူးချင်တဲ့ Contact တွေကို Select မှတ်လိုက်ပါ။ Import/Export ထဲဝင်ပြီးတော့ မိမိ Select မှတ်ထားတဲ့ Contact တွေကို Bluetooth နဲ့ Sharing လုပ်လို့ရပါတယ်။ ဒါပေမဲ့ Android ဖုန်းတွေရဲ့ Modle အလိုက် ပုံစံအနည်းငယ် ကွဲပြားခြားနားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Huawei G730 U00 Phone လေးပါ။ Phone က Power ဖွင့်လိုက်ရင်တော့ Huawei Logo ပေါ်ပြီး အသံမြည်တယ်။ Music တွေ Phone Ringtone သံကြ မမြည်ဘူးဗျ။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အရင်ဆုံး Settings ထဲဝင်ပြီး Factory Data Meset ချကြည့်ပါ။ မရရင်တော့ Firmware တင်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့် Phone က တစ်ခုခုအသုံးပြုပြီး Second Power ပိတ်ပြီးပြန်ဖွင့်ရင် Power ပြန်ပွင့် မလာဘူး။ Battery ဖြုတ်ပြီး ပြန်တက်ပြီးမှ ဖွင့်မှရတယ်အစ်ကို။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒါက WiFi IC မကောင်းရင်ဖြစ်တတ်သလို အခြားသောလမ်းကြောင်းများပျက်စီးနေရင် ဖြစ်တတ်ပါတယ်။ နီးစပ်ရာ Service ဆိုင်မှာသွားပြရင် အဆင်ပြေပါလိမ့်မယ်။ Battery လဲကြည့်ရင်လည်း အ ဆင်ပြေနိုင်ပါတယ်။

မေး - အစ်ကို ကျွန်တော့် Phone က ဘယ် Sim Card ထည့်ထည့် No Sim ဘဲ ပြပြနေတယ်။ ဘာဖြစ်တာလဲ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒါက sim Card အထိုင်မှာ Volt မရောက်ရင်ဖြစ်တတ်သလို Sim Card အထိုင်ကြီး မကောင်းတော့ရင်လည်း ဖြစ်တတ်ပါတယ်။ Sim Card အထိုင်လဲရင် အဆင်ပြေဖို့များပါတယ်။

မေး - Computer ကို အမြန်ပိတ်လို့ရမယ့်နည်းလမ်း ပြောပြပေးပါ။
ဖြေ - Windows Key နှင့် L ကိုတွဲနှိပ်ပါ။ Ctrl + Alt + Del ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ Shutdown Menu မှ Log Off ကိုနှိပ်ပါ။ Ctrl + F4 ကိုတွဲနှိပ်ပါ။ Yes နှင့် No ပေါ်လာလျှင် Yes ကိုနှိပ်ပါ။

မေး - အစ်ကို ကျွန်တော့်ဖုန်းရဲ့ Call Log မှာ ဖုန်းအ၀င်အထွက် မပြဘူးအစ်ကို။ ဘယ်လိုလုပ်ရင် အဆင် ပြေမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းရဲ့ Call Log မှာ ဖုန်းအ၀င်အထွက်မပြတာက Date and Time မမှန်ရင်လည်း ဖြစ်တတ်ပါတယ်။ Date and Time မှန်/မမှန် အရင်စစ်ကြည့်လိုက်ပါ။ Date and Time မှားနေလျှင် Date and Time ကိုမြင်ပြီး ဖုန်းကို Restart ချလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - ဖုန်းထဲမှာရှိတဲ့ Contacts တွေကိုဘယ်လိုမျိုး Backup ယူလို့ရပါသလဲ။ Backup ယူလို့ရတဲ့ နည်းလမ်း တွေကောရှိပါသလား။
ဖြေ - ဟုတ်ကဲ့။ နည်းလမ်းတွေရှိပါတယ်။ Android ဖုန်းတွေမှာ အလွယ်ကူဆုံး Backup ယူနည်းကတော့ ပထမဦးဆုံး Contacts ဖိုင်ကိုဖွင့်လိုက်ပါ။ ပြီးရင် Setting ထဲကိုဝင်လိုက်ပါ။ Copy Contacts ဆိုတဲ့ Box ထဲကို ၀င်လိုက်ပါ။ မိမိကူးချင်တဲ့ကတ် (သို့) ဖုန်းထဲက Contacts တွေကို Select မှတ်လိုက်ပါ။ ပြီးရင် Copy ဆိုတာကိုနှိပ်ပြီး မိမိကူးထည့်မယ့်ကတ် (သို့) ဖုန်းကိုနှိပ်လိုက်ပါ။ Auto ကော်ပီကူးပြီးသားဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ Inport / Export ထဲဝင်ပြီးတော့လည်း မိမိ Contact တွေကို သူငယ်ချင်းတွေကို Bluetooth့ နဲ့လည်း ကြိုတင် Share ပေးထားလို့လည်းရပါသေးတယ်။ ဒါပေမဲ့လည်း Android ဖုန်းတွေရဲ့ Modle အလိုက် ပုံစံအနည်းငယ်တော့ ကွဲပြားခြားနားပါလိမ့်မယ်။

မေး - China Tab တွေကို Google Play Service ထည့်လို့ရပါသလား ခင်ဗျာ။
ဖြေ - China Tab တွေ China Phone ကို Google Play Service ထည့်လို့ရပါ တယ်။ ထည့်သွင်းချင်သော Phone / China Tab တွေမှာ Root လိုအပ်ပါ တယ်။ Online ပေါ်မှာလိုအပ်သော Gapp.apk ကို မိမိ China Tab / Phone ရဲ့ Version နဲ့လိုက်ပြီး ထည့်သွင်းနိုင်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com