2/04/2017

♪ Android 7.1.2 မှာ Live Wallper ထားမယ့်နေရာကို ရွေးချယ်နိုင်မည် ♫


Android 7.1.2 beta update က Pixet နဲ့ နောက်ဆုံးပေါ် Nexus devices တွေအတွက် features အသစ်တွေ ယူဆောင်လာပြန်ပါပြီ။ အဲ့ဒီထဲက စိတ်ဝင်စားစရာ feature တစ်ခုကတော့ Live Wallpaper ကို Home Screen မှာ ထားမလား Home Screen နဲ့ Lock Screen နှစ်ခုလုံးမှာထားမလား ဆိုတာ ရွေးချယ်သတ်မှတ်နိုင်ပြီ ပဲဖြစ်ပါတယ်။


အရင် Android Version တွေတုန်းက Live Wallpaper ထားတဲ့အခါ home screen မျာ ရော lock screen ပေါ်မှာပါ Live Wallpaper ပြောင်းသွားတာဖြစ်ပြီး တစ်နေရာထဲကို ရွေးချယ်ပြီး သတ်မှတ်လို့မရခဲ့ပါဘူး။
အခု Android 7.1.2 မှာတော့ Live Wallpaper ထားတော့မယ်ဆိုတာနဲ့ Box တစ်ခုပေါ်လာမှာ ဖြစ်ပြီး အဲ့ဒီမှာ Home screen နဲ့ Home screen & Lock screen ဆိုပြီး Option နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com