1/18/2017

♪ “Xiaomi က အဖြူရောင် Mi Mix ကို မိတ်ဆက်” ♫

Image may contain: one or more people and phone

Xiaomi က CES မှာ အဖြူရောင် Mi Mix ကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi က ယခင်နှစ်နှောင်းပိုင်း မှာ အနက်ရောင်မော်ဒယ်ကို မိတ်ဆက်ခဲ့ပြီး မော်ဒယ် ၂ မျိုးစလုံးကို တရုတ်မှာသာ ရောင်းချပေးမှာဖြစ်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းနဲ့ ရောင်းချမယ့်နေ့ရက်ကို မသိရသေးပါဘူး။ မော်ဒယ် ၂ မျိုးစလုံးရဲ့ Specifications များမှာ တူညီကြပါတယ်။

Mi Mix ဟာ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပြီး ဆန်းသစ်ပါ တယ်။ Mi Mix မှာ ၆.၄ လက်မ 1080x2040 Pixels Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ် သည်းဆမှာ ၃၆၂ ဖြစ်ပါတယ်။ Android Marshmallow ထည့်သွင်းထား မှာ ဖြစ်ပြီး Android Nougat ကို အဆင့်မြှင့်နိုင်ပါတယ်။ Qualcomm Snapdragon 821 Chipset မောင်းနှင်မှာပါ။ 128GB Storage/4GB RAM Model နဲ့ 256GB Storage/6GB RAM Model ၂ မျိုးထုတ်လုပ်ပေးထားပါ တယ်။ 

အနောက်ဘက်မှာ PDAF ပါတဲ့ 16MP Camera တပ်ဆင်ထားပြီး 4K Video များ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ Fingerprint Reader, USB Type-C Port များ ပါပါတယ်။ 4400mAh Battery ကို အသေတပ်ထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com