1/11/2017

♪ “Sony Xperia XZ” ♫

Image may contain: phone and screen

Sony ဟာ X Series ဟန်းဆက်များစွာကို ထုတ်လုပ်ရောင်းချပေးထားပြီး X Performance နှင့် XZ တို့ဟာ နောက်ဆုံးရောင်းချပေးနေသော ဖုန်းများ ဖြစ်ကာ အမြင့်စားဖုန်းများဖြစ်သောကြောင့် ဈေးနှုန်းများ ကတော့ အနည်းငယ် မြင့်မားပါတယ်။

XZ ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ဖုန်းရဲ့ပုံသဏ္ဌာန်ကတော့ Sony ဖုန်းများရဲ့ ထုံးစံအတိုင်း လေးထောင့်ကျကျအသွင်ဒီဇိုင်းရှိပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစား ကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဆင်းကတ် တစ်ကတ်သုံးနှင့် နှစ်ကတ်သုံးဆိုပြီးတော့လည်း ထုတ်လုပ်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် ဆင်းကတ် ကတော့ Nano Sim ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 146 x 72 x 8.1mm ရှိကာ အလေးချိန်မှာ 161g ဖြစ်ပါတယ်။ Sony ရဲ့ဖုန်းအများစုဟာ ရေစိုခံနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ XZ သည်လည်း IP 68 အသိအမှတ်ပြုခံထားရသော ကြောင့် ရေနှင့် ဖုန်၊ သဲဒဏ်ကို ခံနိုင်စွမ်းရှိပါတယ်။ ရေအနက် 1.5m တွင် မိနစ် ၃၀ နီးပါးရေစိမ်ခံနိုင်စွမ်းရှိ ပါတယ်။

ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touchscreen ကို အသုံးပြု ပေးထားပါတယ်။ မျက်နှာပြင်အကျယ် အ၀န်းကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော pixels ပမာဏကတော့ 1080x1920 ဖြစ်ပါတယ်။ တစ်လက်မမှာ ရှိမယ့် pixel ပမာဏသိပ်သည်းဆ ကတော့ 424ppi ပါ။ Multi Touch စနစ်တွင် လက်ချောင်းများစွာ အသုံးပြု နိုင်ပါမယ်။ ဖုန်းကိုကြည့်ရှုအသုံးပြုတဲ့အခါတွင် ကောင်းမွန်လှပသော ပုံရိပ်များကို ပေးစွမ်းနိုင်စေရန် X Reality Engine နှင့် X Reality Engine ထည့်သွင်းပေးထားပါတယ်။


XZ ဟာ ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင် ကောင်းမွန် စွာထောက်ပံ့ပေးနိုင်သော ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဓိက ကင်မရာဟာ 23MP, f/2.0 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 13MP, f/2.0 စွမ်းရည် ရှိပါတယ်။ ဓာတ်ပုံရိုက်ကူးနိုင်မှုနဲ့ ဆက်စပ်ပတ်သက်သော စနစ်ကောင်း များစွာလည်းပါရှိပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု သုံးမျိုးသုံးစား ရှိပါတယ်။ 2160p, 1080p (30fps,60fps) စသည်တို့ဖြင့် ကြိုက်နှစ်သက်ရာနဲ့ ရိုက်ကူး နိုင်ပါတယ်။ အသံပိုင်းတွင်လည်း 24-Bits/192kHz Audio နှင့် Active Noise Cancellation with dedicated mic စနစ်တို့ပါရှိပါတယ်။

RAM ကို 3GB ထည့်သွင်း ပေးထားပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏ အနေဖြင့် 32 နှင့် 64GB ဆိုပြီး နှစ်မျိုးနှစ်စားပါရှိပါတယ်။ CardSlot စနစ် ကိုသုံး၍လည်း အချက်အလက်အများအပြားသိမ်းဆည်းနိုင် ပါသေးတယ်။ အားသွင်း အသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2900mAh ဖြစ်ပါတယ်။ 3G Network တွင် စကားပြောဆိုဖို့ ၁၇ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ ဘက်ထရီအားသွင်း မြန်ဆန်သော စနစ်လည်းပါရှိပါတယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Quad Core
Screen - 5.2 inches
Camera - 23 MP
Bluetooth - v 4.2
Storage - 32/64 GB
OS - Android OS, v6.0.1
Contact - 09-421744111

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com