1/16/2017

♪ Safari Browser နှင့် YouTube ဝင်သူများ 4K video တွေ ဖွင့်နိုင်တော့မည်မဟုတ် ♫

Apple ရဲ့ Mac user တွေကို YouTube က ခွဲခြားကာ ဆက်ဆံလိုက်ပါပြီ။ Apple ရဲ့ Safari Browser နဲ့ YouTube ကို ဝင်ရောက်ကြည့်ရှုသူတွေဟာ YouTube ပေါ်က 4K video တွေကို ဖွင့်ကြည့်လို့ မရနိုင်ဘူး လို့ သိရပါတယ်။

Mac User တွေကတော့ YouTube ပေါ်က 4K video တွေကိုကြည့်ချင်ရင် Safari အစား အခြား browser တစ်ခုခုကို ပြောင်းလဲအသုံးပြုရတော့မှာဖြစ်ပြီး ဒါဟာ Google အနေနဲ့ သူ့ရဲ့ Chrome Browser ကို လူသုံးများအောင် တမင်ကြံစည်ခြင်းလေလား ဆိုတဲ့ ဝေဖန်ပြောဆိုသံတွေလည်း ထွက်ရှိနေပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဒီဇင်ဘာလ (၆) ရက်နေ့ မတိုင်ခင်က တင်ခဲ့တဲ့ 4K video တွေကို Safari browser နဲ့ ဖွင့်လို့ရနေသေးပေမယ့် ဒီဇင်ဘာ (၆) ရက်နေ့ နောက်ပိုင်းမှာ တင်ခဲ့တဲ့ 4K video တွေကိုတော့ ဖွင့် မရနိုင်တော့ဘူးလို့သိရပါတယ်။

Apple ရဲ့ iPhone , iPad နဲ့ iPod အသုံးပြုသူတွေကတော့ iOS official YouTube app နဲ့ အခြားသော YouTube app တွေ အမြောက်အများရှိနေတဲ့အတွက် ဒီ ပြဿနာက အကျိုးသက်ရောက်မှု မရှိဘူးလို့ သိရပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com