1/01/2017

♪ “Facebook က Live Audio ကို ဖြန့်ချိ” ♫

Image may contain: phone

Facebook က Publishers များနဲ့ နာမည်ကျော်များသူ့ရဲ့ လူမှုကွန်ရက်မှာ Live Video များထုတ်လွှင့်ကြဖို့ ယခုနှစ် တစ်နှစ်လုံး ကြိုးစားခဲ့ပါတယ်။ အခုတော့ Facebook က Live Audio ၀န်ဆောင်မှုကိုပါ ပြုလုပ်ပေးနေပါပြီ။ ဒါဟာ Facebook Newsfeed မှာ Podcast များကိုထုတ်လွှင့်တဲ့ သဘောဖြစ်ပါတယ်။ “ တစ်ခါတလေမှာ Publishers များက Facebook မှာဗီဒီယိုမဟုတ်ဘဲ စကားပြောပြီး သတင်းများကိုပြောပြချင်ကြတာကို ကျွန်တော်တို့ သိပါတယ်” လို့ Facebook က ဘလော့ မှာရေးသားထားပါတယ်။

Facebook က အင်တာနက်လိုင်း နှေးကွေးတဲ့ နေရာဒေသများမှ လူများအတွက်လည်း Live Audio က ပိုမိုအဆင်ပြေတယ်လို့ ပြောပါတယ်။ ယခင်ကမူ Live Video ကနေ အရုပ်မပါဘဲအသံသာထုတ်လွှင့်ချင်သူများ ကရုပ်သေဓါတ်ပုံတစ်ခုကို ကင်မရာဖြင့် ချိန်ရွယ်ထားပြီးအသံကိုသာထုတ်လွှင့်လေ့ရှိပါတယ်။ အခုတော့ ရေဒီယိုစတိုင်ပုံစံဖြင့် Live Audio ကိုသီးခြားအသုံးပြုနိုင်ပါပြီ။ ၀က်ဆိုက် များစွာက သူတို့ရဲ့ သတင်း၊ ဆောင်းပါးများကိုအသံဖြင့် ထုတ်လွှင့်ပေးတဲ့ Podcast ၀န်ဆောင်မှုကို ပြုလုပ်ပေးထားကြပါတယ်။

Podcast လောကဟာ ကြီးမားလာပေမယ့် ဗီဒီယိုနဲ့ ၀က်ဆိုက်မှာ ရေးသား ထားတဲ့ စာသတင်းများလောက် လူသုံးများခြင်းမရှိပါဘူး။ Facebook က သူ့ရဲ့ Newsfeed Algorithm ဖြင့် Live Audio or Podcast များကိုလူကြိုက်များ အောင် ပြုလုပ်ကောင်း ပြုလုပ်နိုင်မှာပါ။ ဒါဟာ Podcaster များအတွက် သတင်းကောင်း ဖြစ်ပါတယ်။ လက်ရှိမှာ Facebook က BBC, Harper Collins အပါအ၀င် Page အချို့နဲ့ စမ်းသပ်နေပါတယ်။ လာမယ့်နှစ် အစောပိုင်းမှာ Live Audio များကိုပိုမိုကျယ်ပြန့်စွာသုံးနိုင် ဖို့ ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ 


Facebook က Live Video ၀န်ဆောင်မှုကို ဖြန့်ချိစဉ်မှာ Publisher နဲ့ နာမည်ကျော်များ အဲဒီဝန်ဆောင်မှုကို သုံးအောင် အခကြေးငွေပေးခဲ့သလို အခု Live Audio ၀န်ဆောင်မှုကိုလည်း အဲဒီနည်းအတိုင်းလူသုံးများအောင် ကြိုးစားနိုင်ပါတယ်။


 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com