5/05/2016

♪ “Motorola Moto X Style” ♫


ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူရရှိနိုင်သော အမှတ်တံဆိပ်အများစုဟာ တရုတ်နိုင်ငံမှ တင်သွင်းရောင်းချသည့် ဖုန်းများ ဖြစ်ပါတယ်။ ဈေးနှုန်း တန်ဖိုးသင့်တင့်မျှတ၍ စွမ်းရည်ကောင်းမွန်ကာ အကြမ်းခံသောကြောင့် လူအများစုရွေးချယ်ဝယ်ယူကြခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ အမှတ် တံဆိပ် အများစုသည် လူတန်းစားမျိုးစုံ ရွေးချယ်ဝယ်ယူနိုင်စေရန် ဖုန်းများ ကို အမျိုးအစားများ ခွဲခြား၍ ထုတ်လုပ်ရောင်းချကြပါတယ်။ တန်ဖိုး တစ်သိန်း၊ နှစ်သိန်းဝန်းကျင်ရှိသော ဖုန်းများကို ၀ယ်ယူချင်သူများအတွက် စွမ်းရည်သင့်တင့်သော ဖုန်းများအား မကြာခဏထုတ်လုပ်ရောင်းချကြပါ တယ်။ တန်ဖိုးကြီးမြင့်သော ဖုန်းများကို တစ်နှစ်အတွင်း တွင် (၂)လုံး၊ (၃)လုံးသာ မိတ်ဆက်ရောင်းချကြပါတယ်။ ပြည်တွင်းဈေးကွက်မှာ ရောင်းချမှု နည်းသော အမှတ်တံဆိပ်များလည်း ရှိပါတယ်။ အချို့အမှတ်တံဆိပ်တွေဟာ ဈေးနှုန်းတန်ဖိုးများလွန်းတာကြောင့် ဈေးကွက်ထဲကို ထိုးဖောက်ဖို့ ခက်ခဲ ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ထိုတံဆိပ်များသည် ကမ္ဘာ့ဈေးကွက်ထဲမှာတော့ ထိပ်တန်းအဆင့်တွင်ပါဝင်ကြပါတယ်။ ပြည်တွင်းဖုန်းအရောင်း ဆိုင်များတွင် ရောင်းချမှုသိပ်မရှိသည့် အမှတ်တံဆိပ်များထဲကမှ နှစ်ခုကတော့ Microsoft နှင့် Motorola တို့ဖြစ်ပါတယ်။ ထို တံဆိပ်များရဲ့ အချို့ဖုန်းတွေကိုတော့ ဖုန်းဆိုင်ကြီးများတွင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Motorola ရဲ့ Moto X Style ကိုလည်း ပြည်တွင်းဈေးကွက်မှာဝယ်ယူနိုင်ပါတယ်။ ထိုဖုန်းရဲ့ ဈေးနှုန်းဟာ ၇၁၉၀၀၀ိ/- ၀န်းကျင်ရှိပေမယ့် ၀ယ်ယူရသောတန်ဖိုးနှင့် ဖုန်းအတွင်းတွင်ပါရှိသော စွမ်းရည်တို့သည် ညီညွတ်မျှတမှုရှိပါတယ်။

Motorola သည် Moto X Series ကိုလည်း ထုတ်လုပ် ရောင်းချပေးထား ပါတယ်။ X Force, X Play ဆိုပြီး ထုတ်လုပ်ထားပါသေးတယ်။ ထို X Series (၃)မျိုးရဲ့ မျက်နှာပြင်အကျယ် ပမာဏများသည် အနည်းငယ်ကွဲပြားမှု ရှိပါ တယ်။ X Force ဟာ 5.4 inches မျက်နှာပြင်အကျယ်ရှိပြီး၊ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 1440×2560 ဖြစ်ပါတယ်။ X Play ဟာ 5.5 inches မျက်နှာပြင်အကျယ်ရှိပြီး မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 1080×1920 ဖြစ်ပါတယ်။ Moto X Style သည် 5.7 inches မျက်နှာပြင် အကျယ်အ၀န်းရှိကာ ကြည်လင်သောပုံရိပ်များကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် 1440× 2560 Pixels ပမာဏ ပါရှိပါတယ်။ IPS LCD Capacitive Touchscreen ၌ ၁လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆဟာ 520ppi ပါ။ ထို X Series ဖုန်း(၃)မျိုးစလုံးတွင် ထည့်သွင်းရမယ့် ဆင်းကတ် အမျိုးအစားဟာ Nano SIM ပါ။ Moto X Style တွင် အခြားအမည်ကွဲ တစ်မျိုး လည်း ရှိပါတယ်။

 Moto X Pure Edition လို့လည်းခေါ်ဆိုနိုင်ပါတယ်။ Moto X Style ဟာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ က ထုတ်လုပ်ရောင်းချ ထားခြင်း ဖြစ်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ကို လေးထောင့်ကျကျ ပုံစံ၌ ထောင့်စွန်း တွေတွင် အ၀န်းအ၀ိုက် ပါရှိအောင် တီထွင်ထားပါတယ်။ သယ်ဆောင်ဖို့နှင့် ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် အဆင်ပြေစေရန် 153.9×76.2× 11.1mm အရွယ်အစားဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ Moto X Style ရဲ့ အလေးချိန်သည် 179g ပါ။ Moto X ဖုန်း(၃)လုံးစလုံးဟာ အဓိက ကင်မရာ စွမ်းရည်များကောင်းမွန်ကြပါတယ်။ ဒါကြောင့် ခရီးသွားတဲ့ အခါ၌ပင်ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေများနဲ့ တွေ့ဆုံ သည့်အခါ၌ပင်ဖြစ်စေ၊ အခမ်းအနားများ သို့သွားရောက်သည့်အခါ၌ပင်ဖြစ်စေ ဓာတ်ပုံမှတ်တမ်းတင်တဲ့အခါတွင် ပုံထွက်ကောင်း ပါလိမ့်မယ်။

X Style ရဲ့ အဓိကကင်မရာသည် 21MP စွမ်းရည်ရှိပြီး f/2.0, 27mm အမျိုးအစားဖြစ်ကာ ကောင်းမွန်သော ကင်မရာဆက်စပ်စနစ်များကို ထည့်သွင်းပေးထားပါတယ်။ Phase Detection Autofocus, Dual-LED (Dual Tone) Flash 1/2.4' sensor size, 1.1 µm pixel size နှင့် အခြားသော စနစ်များစွာလည်း ပါရှိပါတယ်။ ရှေ့ကင်မရာငယ်တွင်လည်း LED Flash ပါရှိပါတယ်။ စွမ်းရည်ကတော့ 5MP, f/2.0, 1.4 µm pixel size ဖြစ်ပါတယ်။ အဓိက ကင်မရာနှင့် ဗီဒီယိုရိုက်ကူးမည် ဆိုပါက 2160p ကိုလည်း ရွေးချယ် နိုင်သလို 1080p ဖြင့်လည်း ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာငယ်ဖြင့်လည်း ဗီဒီယိုရိုက်ကူး နိုင်ပါတယ်။ စွမ်းရည်က 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။

 Moto X ဖုန်းများတွင် မျက်နှာပြင်အကြမ်းခံနိုင်အောင် လည်း ကာကွယ်ပေးထားပါသေးတယ်။ X Style မှာတော့ Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပါတယ်။ IP 52 အသိအမှတ်ပြုထားတာကြောင့် ရေစိမ့်မ၀င်နိုင် အောင်လည်း ကာကွယ်ပေးထားသော ဖုန်းဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် (၃)မျိုး (၃)စား ရှိပါတယ်။ 16GB, 32GB နဲ့ 64GB ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေး ချယ်ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးထားပါ တယ်။ RAM ပမာဏကိုတော့ 3GB ပါရှိအောင် ထည့်သွင်းပေးထားပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းချင်သူများ အတွက်လည်း Cardslot စနစ်ပါရှိပါတယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိဖြစ်ပါတယ်။ Chipset အမျိုးအစားဟာ Qualcomm Snapdragon 808 ဖြစ်ပြီး၊ CPU စွမ်းရည်ကတော့ Dual-Core 1.8 GHz Cortex-A57 & Quad-Core 1.44 GHz Cortex-A53 ဖြစ်ပါတယ်။

GPU ကတော့ Adreno 418 ပါ။ အသုံးပြုနိုင်မယ့် OS အမျိုးအစားဟာ Android ဖြစ်ပြီး Version မှာ Lollipop ဖြစ်ပါတယ်။ Bluetooth Version ကတော့ 4.1 ပါ။ အားသွင်းအသုံးပြုနိုင်မယ့် ဘက်ထရီ အမျိုးအစားသည် 3000 mAh ဖြစ်ပါတယ်။ အားသွင်းမြန်ဆန်သော ဘက်ထရီ Charging စနစ်ကိုလည်း ထည့်သွင်းပေးထားသော ဖုန်းဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com