Emoji တွေက ပျော်စရာကောင်းပါတယ်။ Emoji တွေ၊ Sticker တွေမပါဝင်ပဲ
သင့်အနေနဲ့ Chatting လုပ်ရတာ ဘယ်လောက်ပျင်းဖို့ကောင်းမယ်ဆိုတာ
တွေးကြည့်နိုင်ပါတယ်။ Emoji တွေကို ကီးဘုတ်ထဲမှာ တကူးတကရှာစရာမလိုပဲ
စာရိုက်လိုက်ရုံနဲ့ ပေါ်လာမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းမယ်ဆိုတာလည်း
တွေးကြည့်နိုင်ပါတယ်။ ဒါတွေကို သင့်မှာရှိနေတဲ့ iPhone နဲ့ iPad ထဲမှာ
အလွယ်တကူပြုလုပ်နိုင်ပါတယ်။ သင့် iPhone နဲ့ iPad မှာ တစ်ခါတစ်လေ emoji
တွေကို တကူးတကမရှာချင်ဘူးဆိုရင်၊ ပြီးတော့ အတွဲလိုက်စီထားတဲ့ emoji တွေကို
တစ်ခါထဲ အသုံးပြုချင်တယ်ဆိုရင်တော့ Shortcut လုပ်ပြီး Save
လုပ်ထားနိုင်မယ့် နည်းလမ်းကို အခုဖော်ပြပေးမှာဖြစ်ပါတယ်။
အဆင့် ၁) အရင်ဆုံး Setting ထဲက General ထဲကို သွားလိုက်ပါ။

အဆင့် ၂) အဲ့ဒီအထဲက Keybord ထဲဝင်ပြီး Shortcuts ကိုနှိပ်လိုက်ပါ။

အဆင့် ၃) ညာဘက်ထောင့်နားက “+” သင်္ကေတလေးကိုနှိပ်လိုက်ပါ။

အဆင့် ၄) ပြီးရင် ကျလာတဲ့ Box ထဲက “Phrase” အကွက်ထဲဝင်ပြီး ကိုယ်ထည့်ချင်တဲ့ emoji ကိုရွေးချယ်ထည့်သွင်းရမှာပါ။ တစ်ခုထဲမဟုတ်ပါဘူး။ သုံးလေးမျိုး အတွဲလိုက်ထည့်ချင်လဲ ရပါတယ်။ အဓိပ္ပာယ်ချင်းဆက်စပ်မှုရှိရင်တော့ ပိုကောင်းတာပေါ့။ ဒုတိယ “Shortcut” မှာတော့ သင်စာရိုက်ထည့်တာနဲ့ ခုနက Emoji တွေပေါ်လာစေချင်တဲ့ စကားလုံးတစ်လုံးရွေးလိုက်ပါ။ ဥပမာ၊ omg တို့၊ haha တို့၊ love တို့ပေါ့။

အဆင့် ၅) ညာဘက်ထောင့်က Save ကိုနှိပ်လိုက်ပါ။
အဆင့် ၆) ဒါပါပဲ ပြီးသွားရင်တော့ သင့်အနေနဲ့ အလုပ် လုပ်၊မလုပ်စမ်းသပ်နိုင်ပါတယ်။ ဒီ Shortcut Emoji တွေဟာ WhatsApp, iMessage, Notes, Mail, Messenger စသည်ဖြင့် App အစုံမှာ အလုပ်ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ စာရိုက်နေတုန်း ခုနက Shortcut စာသားနဲ့ ညှိတာတွေဖြစ်လို့ Emoji တွေထွက်လာရင် Emoji တွေရဲ့ အပေါ်ပိုင်းမှာ “x” ပုံစံကိုနှိပ်ပြီး ဖျောက်ပစ်နိုင်ပါတယ်။
အောက်ကပြထားတဲ့ဗီဒီယိုမှာလည်းလုပ်ပုံလုပ်နည်းကိုကြည့်ရှုနိုင်ပါတယ်။
Credit to ==> Digital Times