
-
ကျန်းမာရေးပါရဂူ ကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒီအဆိုကို ဆေးပညာနဲ့ ကျန်းမာရေးအကြော င်းနံ့စပ်တဲ့ ပညာရှင်များအားလုံးနီးကလည်း လက်ခံထားပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မအိပ်ပဲ၊ အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မ ယ်။ ချက်ချင်းမဟုတ်ေ ပမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။
အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများကို အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မ ယ်။
အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေးပျက်စီးသွားစေပါတယ်။
အသည်းမကောင်းတော့ ရင် ခန္ဓာကိုယ်ဇီဝကမ္မ ဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းမှ မူလီတစ်ခုခု ချွတ်ယွင်းရင် အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်ကို လည်း ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။
ဒါ့ကြောင့် ညဖက်အလုပ်လုပ်ရတဲ့ ၀န်ထမ်းများကိုလ ည်း ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။
အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြ စ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားလိုပဲ ကျန်းမာရေးဗဟုသု တအဖြစ် အသိပေးလိုက်ပါတယ်။
လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြ ပါစေ။
စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
.

-