5/01/2016

♪ ၇၈ ဒီဂရီ 13 MP ကင်မရာ နဲ့ ၁၂၀ ဒီဂရီ 5 MP ကင်မရာနှစ်လုံးတွဲပါ LG X Cam ♫


LG ဟာ X စီးရီးစမတ်ဖုန်းရဲ့ X Cam နဲ့ X Screen ဆိုတဲ့ ဖုန်းနှစ်မျိုးကို ဖေဖော်ဝါရီလတုန်းက စတင်ကြေငြာခဲ့ပြီး၊ X Screen ဖုန်းကို မကြာသေးခင်က စတင်ရောင်းချခဲ့ပါတယ်။

အခုဆိုရင် ကျောကင်မရာနှစ်လုံးတွဲပါတဲ့ LG X Cam ဖုန်းကိုလည်း မကြာခင်ရောင်းချတော့မှာ ဖြစ်ပြီး၊ ဒီဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကို မနေ့က တရားဝင်ကြေငြာလိုက်ပါတယ်။

LG X Cam ဖုန်းဟာ မျက်နှာပြင် ၅.၂ လက်မ (1920 x 1080 pixels) IPS dislay ပါရှိပြီး၊ Android Marshmallow နဲ့ လာမှာဖြစ်ပါတယ်။ 1.14 GHz octa core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2 GB နဲ့ ဖုန်းတွင်း storage 16 GB ပါရှိတယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ microSD ကတ် 2TB အထိ ထပ်စိုက်နိုင်တာဖြစ်ပါတယ်။ ဘက်ထရီကတော့ သိပ်မများဘဲ 2520 mAh ဘက်ထရီဖြစ်ပါတယ်။

LG X Cam ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ကျောကင်မရာနှစ်လုံးတွဲ ပါရှိတာဖြစ်ပြီး၊ တစ်လုံးက ၇၈ ဒီဂရီ lens ပါဝင်တဲ့ 13MP ကင်မရာဖြစ်ပြီး၊ ကျန်တစ်လုံးကတော့ ၁၂၀ ဒီဂရီကျယ် lens ပါဝင်တဲ့ 5MP ကင်မရာ ဖြစ်ပါတယ်။ ဒီကင်မရာနှစ်လုံးတွဲကနေ LG G5 ဖုန်းမှာလိုမျိုး၊ မြင်ကွင်းတွေ ရှေ့တိုး၊နောက်ဆုတ် လုပ်လို့ရတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ ရှေ့ကင်မရာကတော့ 8 MP ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ဘယ်နေ့ တရားဝင်ထုတ်မလဲဆိုတာကိုတော့ LG က ထုတ်ပြန်ကြေငြာထားခြင်း မရှိသေးပါဘူး။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

www.pyaephyo.com