12/21/2015

♪ “Google ကနေ အခွင့်အရေးရယူပါ” ♫


Google မှာ လူတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ အခွင့်အရေးများစွာ ရှိပါတယ်။ ကောင်းတာတစ်ခုက ၎င်းတို့ဟာ ငွေကြေးပေးစရာမလိုဘဲ အခမဲ့တွေချည်းပဲမို့ဖြစ်ပါတယ်။ ယင် အခွင့်အရေးတွေမှာ ပညာလေ့လာ သင်ကြားရေး အခွင့်အရေးအပြင် ပြိုင်ပွဲဝင်ရောက်နိုင်တဲ့အခွင့်အရေး များလည်း ရှိပါတယ်။ ဒီတော့ အရင်ဆုံးပြိုင်ပွဲအခွင့်အရေးများကို မျှဝေ ပြီးနောက် ပညာလေ့လာသင်ကြားရေး အခွင့်အရေးပါ မျှဝေပါ့မယ်။

<Google Science Fair>
Google Science Fair ဟာ ကမ္ဘာတစ်လွှားက သိပံ္ပပညာရပ်ကို စိတ်ဝင်စားတဲ့ အသက် ၁၈ နှစ်အောက် လူငယ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲဖြစ်ပါ တယ်။ ယင်းပြိုင်ပွဲဟာဆိုရင် နှစ်စဉ်ထင်ရှားကျော်ကြားတဲ့ လူငယ်များကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ယနေ့ စွမ်းအင်အစားထိုးဘက်ထရီ တစ်မျိုး တီထွင်ဖန်တီးခြင်း၊ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ နည်းပညာသစ် ဖန်တီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ စက်နဲ့ နည်းပညာ များ ဖန်တီးခြင်း အစရှိသဖြင့် science ခေါင်းစဉ်အောက်မှာရှိတဲ့ တီထွင်မှု များစွာ နှစ်စဉ်ပေါ်ပေါက်ပါတယ်။ ဘယ်နိုင်ငံကနေမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပြီး Submission ကတော့ အွန်လိုင်းကနေပဲဖြစ်ပါတယ်။ Google Science Fair စာမျက်နှာကို သွားပြီးတော့ apply လုပ်ပြီးရင် ဘယ်လို ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာ Google က လမ်းညွှန်ပါလိမ့်မယ်။ Google ရဲ့ ရုံးခွဲမရှိသေးတဲ့ နိုင်ငံများလည်း ဝင်ပြိုင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်မှုအတွက် ဘယ်လိုနည်းလမ်းနဲ့ အချက်အလက်ကို ယူသလဲဆိုတာကတော့ အွန်လိုင်း ကနေပဲ ဖြစ်ပါတယ်။
www.googlesciencefair.com/
 
<Google Online Marketing Challenge >
Digital Marketing Challenge ကတော့ တက္ကသိုလ်ကျောင်းသား အရွယ်များကို ရည်ရွယ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ယင်းပြိုင်ပွဲကို ဝင်ဖို့အတွက် ကိုလည်း Google ရဲ့ Digital Marketing Challenge စာမျက်နှာသို့ ဝင်ရပြီး သူက အရင်ဆုံး မိမိကို Training ပေးပါလိမ့်မယ်။ Training မှာ ဘာတွေပါ သလဲဆိုရင် Google Adwords တွေ အသုံးပြုပုံ အသုံးပြုနည်း၊ Google Adsense အသုံးပြုနည်းများကို သင်ပေးပါလိမ့်မယ်။ Search Engine မှာ ပေါ်တဲ့ ကြော်ငြာတွေ၊ YouTube ဗီဒီယိုမှာ ပေါ်တဲ့ စာတွေ၊ ကြော်ငြာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Google ရဲ့ ကြော်ငြာကွန်ရက်ကို လက်ခံထားတဲ့ သတင်းဆိုက်နဲ့ အခြားသော ဆိုက်တွေပေါ်မှာ ကြော်ငြာဖြန့်တဲ့ နည်းလမ်းတို့ ဖြစ်ပါတယ်။ ယင်း Training ကိုလည်း အွန်လိုင်းကနေပဲ တက်ရောက်ရမှာ ဖြစ်ပြီး Challenge ကို ပြိုင်ဖို့အတွက်က သင်တန်းပြီးမှ ပြန်လည် ဆုံးဖြတ် လည်း ရပါတယ်။ သူကတော့ မြန်မာပြည်နေ Google ရဲ့ ကြော်ငြာ Feature များကို အသုံးမပြုနိုင်တာကြောင့် ဝင်ပြိုင်ရခက်ပါလိမ့်မယ်။ ရနိုင်တဲ့ နည်းလမ်းကတော့ Country နေရာမှာ Myanmar မရွေးပဲ Singapore လို့ရွေးရင် ရကောင်းရနိုင်ပါလိမ့်မယ်။ Digital Marketing Challenge မှာ ကြော်ငြာ ငွေကြေးတန်ဖိုး ပမာဏတစ်ခုထည့်ထားပြီး မိမိက ယင်းပမာဏကို အသုံးပြုပြီးတော့ ကိုယ့်ဘာကိုယ် ဘယ် site အတွက် ကြော်ငြာပေးမယ် ဆိုတာ ရွေးချယ်နိုင်ပါတယ်။
www.google.com/onlinechallenge

 <Google Doodle>
Google Doodle ကတော့ Google ရဲ့ Search Engine Home Page မှာ ပေါ်နေတဲ့ ပုံများဖြစ်ပါတယ်။ ယင်းပုံများကို Doodle ပုံများလို့လည်းခေါ်ပြီး Google အနေနဲ့ ယင်းပုံများကိုဆွဲဖို့အတွက် အပြင်ကပညာရှင်များကို ဖိတ်ခေါ်ပါတယ်။ Google Doodle program အနေနဲ့ ကလေးငယ်များကို ရေးဆွဲ ပြိုင်စေတဲ့ offline event များကို ပြုလုပ်သလို Online ကနေ Submit လုပ်လို့ရတဲ့ ပြိုင်ပွဲများလည်း ရှိပါတယ်။ ကလေးများအတွက်တင်မကဘဲ လူတိုင်းအတွက် ဖြစ်ပါတယ်။ Google ဆိုတဲ့ စာလုံးကို မိမိရဲ့စိတ်ကူး စိတ်သန်း အိုင်ဒီယာနဲ့ပေါ်အောင် ရေးဆွဲရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက်တလောက မြန်မာအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် Google.com.mm ဒိုမိန်းမှာ မြန်မာအလံပါတဲ့ Doodle ကို မြန်မာပြည်က အသုံးပြုသူများအနေနဲ့ မြင်ရလိမ့်မှာဖြစ်ပါတယ်။ ယင်းပြိုင်ပွဲကို ဝင်ချင်တယ် ဆိုရင်လည်း Doodle ရဲ့ Home Page ကိုပဲ သွားရမှာဖြစ်ပါတယ်။
www.google.com/doodle4google/

<Google Translate-a-thon>
Google Translate-a-thon ဆိုတာ Google ရဲ့ Product တစ်ခုဖြစ်တဲ့ ဘာသာပြန်နည်းပညာလုပ်ဆောင်ချက်ကို အဆင့်မြင့်တင်ရန် ရည်ရွယ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ Google မှာ ယခုဆိုရင် မြန်မာလိုရိုက်ပြီး အင်္ဂလိပ်လို သိနိုင်သလို၊ အင်္ဂလိပ်ကနေလည်း မြန်မာလိုသိအောင် ရှာဖွေ ဆောင်ရွက်နိုင်ပါပြီ။ လုပ်ဆောင်ချက်ဟာ ပြီးပြည့်စုံတဲ့ အဆင့်ထိတော့ မရောက်သေးပေမယ့် တဖြည်းဖြည်းနဲ့တော့ တိုးတက်နေပါတယ်။ Translate-a-thon ဆိုတာ ဘာသာပြန်ခြင်းနဲ့ မာရသွန်ကို ပေါင်းထားတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ အဆက်မပြတ် ဘာသာပြန်ပြိုင်ပွဲလို့လည်း အမည်ရပါတယ်။ ယင်းပြိုင်ပွဲကို ၂၀၁၅ နှစ်ဆန်းအတွင်းမှာ ပြုလုပ်သွားပြီး နောက်ထပ်ပွဲတွေလည်း ပြုလုပ်ဦးမှာဖြစ်ပါတယ်။ Google Translate-a-thon ပွဲပြိုင်သူများအတွက် အသိမှတ်ပြုလက်ဆောင်များ၊ Certificate များကိုလည်း ပေးအပ်ပါတယ်။ Google Translaor Community ဆိုတာ လည်း အွန်လိုင်းပေါ်မှာရှိပြီး သူတို့နဲ့ join ချင်တယ် နောက်ထပ် ပွဲ သတင်း တွေလည်း လေ့လာစောင့်ကြည့်ချင်တယ်ဆိုရင် https://translate.google.com/community ကို သွားနိုင်ပါတယ်။

<သင်တန်းနှင့် သင်ကြားရေးအခွင့်အရေးများ>
<Google Developer Group Yangon>
Google Developer Group Yangon ဆိုတာ မြန်မာပြည်က Google ရဲ့ product နဲ့ နည်းပညာကို စိတ်ဝင်စားစွာ အသုံးပြုဖန်တီးနေကြတဲ့ Developer အဖွဲ့တစ်ခု ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ Google Developer Group ကို စုဖွဲ့ကြပြီး Google ရဲ့ တိုးတက်ပြောင်းလဲတဲ့ နည်းပညာများကို လေ့လာခြင်း ဖလှယ်ခြင်း၊ သင်တန်းပေးခြင်းများ ပြုလုပ်ပါတယ်။ လက်ရှိ ရန်ကုန်မှာလည်း Google Developer Group ရှိနေပြီ ဖြစ်ပြီး Google မှ တရားဝင်အသိအမှတ်ပြုထားပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ယင်းအဖွဲ့အစည်းဟာ အမေရိကန် ဆီလီကွန်တောင်ကြားမှာ နှစ်စဉ်ကျင်းပ တဲ့ Google Developer Conference ကိုလည်း ကိုယ်စားလှယ်တစ်ဦးစီမှ နှစ်စဉ်သွားရောက်နေပြီ ဖြစ်ပါတယ်။ ယင်းအဖွဲ့မှာ ပါဝင်ချင်တယ်။ သူတို့ ဆီကနေ လေ့လာဆည်းပူးချင်တယ်ဆိုရင် Facebook Group ဖြစ်တဲ့ Google Developer Group Yangon ဆိုတာကို ရှာဖွေလို့ join နိုင်ပါတယ်။ သူတို့ဟာ ပုံမှန်တွေ့ဆုံပွဲများ၊ သင်တန်းများ ပြုလုပ်ပေးလျက်ရှိပြီး အများစု ဟာ အခမဲ့ ဖြစ်ပါတယ်။

https://developers.google.com/groups/
 
<Google Partners>
Google Partners ဆိုတာကတော့ Google ရဲ့ Business feature များကို စီးပွားဖြစ် အသုံးပြုသူများဖြင့် စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Google ရဲ့ ကြော်ငြာလုပ်ငန်းကို ကြားခံအေးဂျင့်အဖြစ်လုပ်ကိုင်ရန် စာရင်းသွင်းထား သူများ၊ လုပ်နေသူများ ပါဝင်ပါတယ်။ သင်လည်း ပါဝင်နို်င်ပါတယ်။ တစ်ခု ရှိတာက သူဟာ မြန်မာနိုင်ငံအတွက် feature မဖွင့်သေးတာကြောင့် နိုင်ငံရွေးတဲ့အခါ အခြားနိုင်ငံတစ်ခုခုကို ရွေးပြီး ထည့်ထားနိုင်ပါတယ်။ သူတို့ဟာ offline သင်တန်းများပေးသလို အွန်လိုင်းသင်တန်းများလည်း ပေးပါတယ်။ စာရေးသူကတော့ စင်္ကာပူနိုင်ငံနဲ့ ရွေးချယ်ဖွင့်ထားတာကြောင့် စင်္ကာပူနိုင်ငံက Google ရုံးမှာ ပြုလုပ်တဲ့ သင်တန်းများကို တက်ဖို့ ဖိတ်ကြား တဲ့ အီးမေးလ်များကို ရရှိပါတယ်။ ဒါပေမယ့် မသွားနိုင်သေးပါ။ လောလော လတ်လတ်ကတော့ အွန်လိုင်းပေါ်က ပြုလုပ်တဲ့ Google ရဲ့ စီးပွားရေး ဆိုင်ရာ သင်တန်းများကတော့ တက်ဖြစ်ပါတယ်။ Google ရဲ့ Adwords ကို ဘယ်လို အသုံးပြုရမယ်။ Adsense ကို ဘယ်လို အသုံးပြုရမယ်။ Mobile ဖုန်းပေါ်က audience များကို ထိရောက်စွာ ဘယ်လို target ထား ကြော်ငြာ နိုင်ရန် အစရှိသဖြင့် စုံလင်တဲ့ သင်တန်းများကို တစ်ကြိမ်တစ်မျိုး မရိုးနိုင် အောင် ပေးပါတယ်။

www.google.com/partners/

<Google Analytic Academy>
Google Analytic Academy ကတော့ Google ရဲ့ Analytic ကို ဘယ်လို ကျွန်းကျင်အောင်အသုံးပြုရမယ်ဆိုတာကိုသင်ပေးတဲ့ အွန်လိုင်း ကျောင်းတော်ကြီးဖြစ်ပါတယ်။ အဓိကကတော့ YouTube ပေါ်မှာ Google က သင်ထားတဲ့ သင်ကြားရေး ဗီဒီယိုများကို လေ့လာရမှာဖြစ်ပါတယ်။ Analytic ဟာ ဝက်ဆိုက်တစ်ခုရဲ့ အရည်အသွေးဆိုင်ရာတိုးတက်မှု၊ အသုံးပြုသူရရှိမှုအနေအထား အစရှိသဖြင့်တို့ကို လေ့လာယူလို့ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။
https://analyticsacademy.withgoogle.com

<Google Digital Marketing Courses>
Google Partner သို့မဟုတ် Google Digital Marketing Challenge ကို ဝင်ရင် Google Marketing သင်တန်းများကို တက်ရာက်ရမှာပါ။ အကယ်၍ ယင်း partner ရော၊ Challenge မဝင်ဘူး၊ မယူဘူးဆိုရင် Marketing Course များကို အခမဲ့ တက်လို့ရပါသေးတယ်။ ယင်းသင်တန်းများကို တက်ပြီးရင် Certifcate များ ရရှိပြီး မိမိရဲ့ လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချနိုင်ပါတယ်။ အဓိကအားဖြင့်ကတော့ marketing သမားနဲ့ စီးပွးရေးသမားများ တက်ရောက်သင့်တဲ့ သင်တန်းများဖြစ်ပါတယ်။ Adwords, Adsense, Mobile Advertising အစရှိသဖြင့် သင်တန်း သုံးမျိုး မက ရှိပါတယ်။ လက်မှတ်တစ်ခုဟာ ၁ နှစ်ကနေ ၂ နှစ်၊ ၃နှစ် ဝန်းကျင်အထိ သက်တမ်းခံပါတယ်။ အချိန်ကြာရင် Google ဟာလည်း ၎င်းတို့ရဲ့ နည်းပညာ ကို ပြောင်းလဲမှာမို့ ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုကို အနည်းဆုံး လေးရက် လောက်အချိန်ပေးလေ့လာသင်ပြီး စာမေးပွဲတစ်ခုအတွက် တစ်လ ဝန်းကျင်ခန့် အချိန်ယူသင့်ပါတယ်။ တကယ်တတ်ချင်ရင် စာမေးပွဲလည်း ဖြေရင်း လက်တွေ့လည်း အသုံးချရင်း ပြုလုပ်သင့်ပါတယ်။
www.google.com/onlinechallenge/dmc/

<Google Webmaster Course>
Google Webmaster သင်တန်းဟာဆိုရင် Developer များနဲ့ Webmaster များအတွက် အဓိက တက်ရန် ရည်ရွယ်တဲ့သင်တန်းဖြစ်ပါတယ်။ ဝက်ဆိုက် တစ်ခုရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်။ Search Engine ရဲ့ Crawler တွေ crawl တဲ့အခါမှာ ဘယ်လိုအခက်ခဲတွေရှိတယ် အစရှိ သဖြင့်တို့ကို သိရှိအောင် လေ့လာနိုင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ယင်းနည်းပညာကို Web Developer တိုင်း တက်မြောက်ရန် လိုအပ်ပြီး Developing, Coding အခြေခံမရှိသူများလည်း တက်ရောက်နိုင်ပါတယ်။ အနည်းဆုံးကတော့ HTML, CSS အခြေခံ သဘောတရားကို အရင်သိရှိရန် အကြံပေးပါတယ်။
https://support.google.com/webmasters

<Google Search Engine Marketing Courses>
မိမိရဲ့ဝက်ဆိုက်ကို Search Engine ကနေ ရှာတဲ့အခါ ထိပ်ဆုံးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတော်များများ ခေါင်းစားပါတယ်။ လိုလည်း လိုချင်ပါတယ်။ ယင်းအတွက် Course များလည်း Google မှာ ရှိပြီး လက်မှတ် တော့ မပေးပါဘူး။ သူက ဖတ်ရှုလေ့လာရန် စာတမ်းအဖြစ်သာ တင်ပေးထား တာ များပါတယ်။ SEO အခြေခံ ဗဟုသုတကနေစလို့ မိုဘိုင်းဗားရှင်း ဝဘ်ဆိုဒ်ကို ဘယ်လို SEO အရ ကောင်းမွန်အောင် ပြုလုပ်ဖို့လိုအပ်တယ်က အစ ရေးသားဖော်ပြထားပါတယ်။ ရေးသားပြသချက်များဟာလည်း ရှင်းလင်းတာကြောင့် အဂ်လိပ်စာ အခြေခံရှိသူတိုင်း ဖတ်ရှုလုပ်ဆောင် နိုင်ပါတယ်။ ယင်းဟာလည်း Developer များအပြင် ဝက်ဆိုက်ကိုင်တွယ်တဲ့ မာကဲတင်းနဲ့ စီးပွားရေး သမားများအတွက် အသုံးလိုတဲ့ ပညာရပ်တစ်ခု လည်း ဖြစ်ပါတယ်။

www.google.com/onlinechallenge/dmc/dmc-sem.html
Google မှာ ပြောမကုန်အောင် အခြားသော များပြားတဲ့ အရင်းအမြစ်များ၊ ပြိုင်ပွဲများ၊ သင်တန်းများ ဆက်ရှိနေသေးပြီး အကြီးမားဆုံး အခွင့်အရေး အနေနဲ့ Google မှာ အလုပ်သင်သွားရောက်လုပ်ကိုင်ခွင့် ရရှိတဲ့အထိ ရနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်ကတော့ စာရေးသူသိသမျှ ပြိုင်ပွဲနဲ့ သင်တန်းများသာ မျှဝေလိုက်ရပါတယ်။

အောင်ခမ်း(ရိုးရာလေး)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com