USD - 269
အားသာချက်
Samsung Galaxy Tab A 9.7 သည် ပါးလွှာ ပေါ့ပါးကာ စတိုင်လ်ကျသည့် Tablet တစ်မျိုးဖြစ်သည်။ အဆိုပါTablet အတွင်း အခကြေးငွေပေးရသော app များ အခမဲ့ပါဝင်လာပြီး 128 GB အထိ ထည့်သွင်းနိုင်သော microSD slot လည်း ပါဝင်လာသည်။
အားနည်းချက်
မျက်နှာပြင် အရွယ်အစား ၉.၇ လက်မရှိ Samsung Galaxy Tab A ၏ ရုပ်ထွက်အရည်အသွေးမှာ ပုံထွက်ကောင်းခြင်း မရှိပေ။ ထို့အပြင် Samsung Galaxy Tab A တွင် ပုံမှန်တွေ့နေကျ spec များသာ ပါဝင်သည်။
ဘက်ထရီ
Galaxy Tab A 9.7 ၏ ဘက်ထရီသည် ၇၁ ရာခိုင်နှုန်း ရောက်ရှိသည့် အချိန်တွင် မျက်နှာပြင်ကို ၃ နာရီခန့် ဖွင့်ထားပြီး standby ဖြင့် ၂ ရက် နှင့် ၁၂ နာရီခန့် အသုံးပြုနိုင်ကြောင်း သိရသည်။
အသေးစိတ်ဖော်ပြချက်
Samsung Galaxy Tab A 9.7 သည် ၈ လက်မအရွယ်ရှိ Samsung Galaxy Tab A နှင့် specs အပိုင်းကွာခြားမှု မရှိလှပေ။ Samsung Galaxy Tab A 9.7 သည် စွမ်းဆောင်ရည် တည်ငြိမ်မှုရှိပြီး ဒီဇိုင်းပိုင်း ဆန်းသစ်မှုရှိသည့် tablet တစ်မျိုးဖြစ်သည်။ Galaxy Tab A 9.7 တွင် The New York Times နှင့် The Economist တို့ ဖတ်ရှုနိုင်မည့် software အပြင် The Hobbit: Kingdoms နှင့် Pac-Man Friends ကဲ့သို့ ဂိမ်းများလည်း ပါဝင်လာသည်။
Samsung Galaxy Tab A 9.7 ၏ ဒီဇိုင်းသည် သက်တောင့်သက်သာရှိပြီး Tablet ၏ ကျောဘက်တွင် လက်ဖြင့်ကိုင်တွယ်ရာတွင် နူးညံ့မှုရှိစေရန် ဖန်တီးပေးထားသည်။ Galaxy Tab A 9.7 တွင် Android Lolliop 5.0 ကို Samsung ၏ TouchWiz UI ဖြင့် တွဲဖက် အသုံးပြုထားသည်။ ၎င်းတွင် 1.2 GHz quad-core Qualcomm Snapdragon CPU, RAM 1.5 GB နှင့် internal storage 16GB ၏ ရုပ်ထွက် အရည်အသွေးမှာ 1,024x 768 pixel အပြင် 128GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD slot တို့ပါဝင်လာသည်။ အခြား hardware feature ဖြစ်သော Bluetooth 4.1 နှင့် GPS တို့ လည်း ပါဝင်သည်။

Credit to ==> Internet Journal