တရုတ်စမတ်ဖုန်း ကုမ္ပဏီ Meizu က၎င်းတို့ ၏ထိပ်တန်းစမတ်ဖုန်း MX5
ကိုယနေ့မိတ်ဆက်ပေးခဲ့သည်။ ယင်းဖုန်းကိုတည်ဆောက်ခဲ့ပုံအဆင့်ဆင့် ကိုလည်း
ရှင်းပြပေးခဲ့ ရာ 250 g T6069 Aluminum အရိုင်းတုံးကို ရက်ပေါင်း ၃၀
အဆင့်ပေါင်း ၆၈ ဆင့် တိတိကျော်ဖြတ်ပြီးမှနောက်ဆုံး 21 g
ရောက်ရှိ လာခဲ့သည်။
ထို့အပြင်၎င်း ဖုန်း၏အရောင်တင်ခြင်းအပိုင်းတွင်လည်း နာရီ ပေါင်း ၄၀ ကျော်ကြာမြှင့်ခဲ့သည်။ ဖုန်း မျက်နှာပြင်ကို OLED နည်းပညာ ကိုအခြေခံထားသော Meizu Amoled နည်းပညာဖြင့် တောက် ပသော နေရောင်၊အလင်းရောင် ပြန်သောမှန်သားကိုဖန်တီးခဲ့သည်။
မျက်နှာပြင်အကျယ် 5.5 inch ရှိပြီး Screen Resolution မှာ 1920×1080 Full HD 401 ppi ရှိ သည်။ Dual Sim အမျိုးအစားဖြစ်သည်။CPU ကို MediaTek အမျိုးအစား MTK Helio X10 Turbo 64 bit ture Octa-core 2.2 GHz ဖြစ်ပြီး RAM 3GB ဖြင့်မောင်းနှင်ထားသည်။လက်ဗွေလုံခြုံရေးစနစ်ပါဝင်သည်။ Camera ကို Main အနေဖြင့် 20MP Sony IMX 220 မှန်ဘီလူး သုံးထားပြီး 4K Video များရိုက်ကူးနိုင်ပြီး မျက်နှာပြင် ကင်မရာ 5MP ဖြစ်သည်။
အလေးချိန် 149 g ဖြစ်ပြီး Battery မှာ M Charge ဘက်ထရီအမြန်သွင်းစနစ်ပါဝင်သော 3150 mAh ဖြစ် သည်။ MicroSDထပ်မံအသုံးမပြုနိုင်တော့ဘဲ Memory အပေါ်မူတည်ကာ ဈေးနူန်း သုံးမျိုးသတ်မှတ်ထား သည်။
16GB US $ 293
32GB US $ 326
64GB US $ 395
Credit to ==> Phone News Up To Date