7/04/2015

♪ Intel က Android အတွက် Remote Keyboard App ကို ဖြန့်ချီ ♫

၂

Intel က ပီစီကို Android Phone မှ ထိန်းချုပ်နိုင်မည့် Remote Keyboard App ကို ဖြန့်ချီလိုက်ပါသည်။ App တွင် ကီးဘုတ်နှင့် Trackpad ပါရှိပြီး ပီစီကို ခိုင်းစေနိုင်မည် ဖြစ်သည်။ App ကို Windows 7 , 8 ထည့်သွင်းထားသော ပီစီများနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

Android App ကို ဖုန်းတွင် အင်စတောလုပ်ပြီး တွဲဖက် Desktop Software ကို ပီစီတွင် အင်စတောလုပ်ရမည် ဖြစ်သည်။ ဖုန်းနှင့်ပီစီသည် တူညီသော ၀ိုင်ဖိုင်ကွန်ရက်အတွင်း ရှိသည်နှင့် Intel Remote Keyboard က ပီစီကို အလိုအလျှောက် စုံစမ်းသိနိုင်မည် ဖြစ်သည်။

App တွင် On-Screen Keyboard နှင့် Scroll Bar ပါသော Trackpad ပါရှိပြီး Portrait , Landscape နှစ်မျိုးစလုံး အသုံးပြုနိုင်ပါသည်။ ပီစီမှ Cursor ကို ထိန်းချုပ်ရန် လွတ်နေသော နေရာကို Trackpad အဖြစ် အသုံးပြုရမည် ဖြစ်သည်။

တစ်ချက် ထိလျှင် Left-Click ဖြစ်ပြီး လက်နှစ်ချောင်းဖြင့် ထိလျှင် Right-Click ဖြစ်မည် ဖြစ်သည်။ Scroll Bar တွင် လက်ချောင်းဖြင့် ပွတ်ဆွဲ၍ Scroll လုပ်ရမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com