Huawei က စွမ်းဆောင်ရည်သင့် Honor 7 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။
သတ္တု ကိုယ်ထည် တပ်ဆင်ထားပြီး ငွေ၊ ရွှေ၊ အညိုရင့်ရောင်များ
ထုတ်လုပ်ပေးထားပါသည်။
Huawei Honor 7 တွင် ၅.၂ လက်မ 1080p Display တပ်ဆင်ထားပြီး Huawei ၏ ကိုယ်တိုင်ထုတ် 2.2GHz Core လေးလုံးနှင့် 1.5GHz Core လေးလုံးပါသော Octa-Core Kirin 935 Chipset မောင်းနှင်မည် ဖြစ်သည်။ 3GB RAM , 3100mAh Battery , Android 5.0 Lollipop , Emotion 3.1 တို့ ပါရှိပါသည်။
Honor 7 ၏ အနောက်ဘက်တွင် Phase Detection AF နည်းပညာပါသော 20MP Camera နှင့် LED Flash နှစ်ခုကို တပ်ဆင်ထားပါသည်။ ကင်မရာ၏ အောက်တွင် Fingerprint Scanner ကို ထည့်သွင်းထားပါသည်။ အရှေ့ဘက်တွင် 8MP Selfie Camera ပါရှိပါသည်။
Huawei က 16GB Storage ပါသော Single-SIM အမျိုးအစားကို ဒေါ်လာ ၃၂၀ နှင့် Dual-SIM အသုံးပြုချင်လျှင် နောက်ထပ် ဒေါ်လာ ၃၅ ပေးချေရန် သတ်မှတ်ထားပါသည်။ 64GB Dual-SIM အမျိုးအစားကို ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါသည်။ ဖုန်းအားလုံးတွင် LTE Cat.6 နှင့် NFC ကို အသုံးပြုနိုင်ပါသည်။
Huawei Honor 7 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် တရုတ်၌ စတင်ရောင်းချပေး မည် ဖြစ်သည်။
Credit to ==> Myanmar DigitalLife Journal