အမြင့်ဆုံး အလုံးကတော့ HTC Desire 626 ဖြစ်ပါလိမ့်မယ်။ အရွယ်အစားကလည်း ၅ လက်မ ဆိုတော့ သူ အကြီးဆုံးပါ။ 520 က ၄.၅ လက်မ၊ 526 က ၄.၇ လက်မ အသီးသီး ရှိပါတယ်။ HTC 626 မှာ RAM 1.5 GB, Quad Core ပါဝင်ပြီး 520 အနိမ့်ဆုံးအလုံးမှာတောင် RAM 1GB ရှိပါတယ်။ 526 ကလည်း RAM 1.5 GB ပါပဲ။ အားလုံးကတော့ Basic Memory အားဖြင့် 8 GB ပါဝင်မှာ ဖြစ်ပါတယ်။ အော်.. 626 က internel 16GB နဲ့ လာတာပါ။ ကင်မရာကတော့ 8 MP အသီးသီး ပါဝင်ပြီး front အမြင့်ဆုံးကတော့ 626 ဖြစ်ပြီး Front facing က 5MP ပါဝင်မှာ ဖြစ်ပါတယ်။ အော် ဒါနဲ့ 626S လည်း ပါဝင်ပါတယ်။ 626S က အနည်းငယ် နိမ့်တဲ့ဖုန်းပါ။ ပြီးတော့ internal 8GB ဖြင့်သာ လာခြင်း ဖြစ်ပါတယ်။ အားလုံး Micro SD ကဒ် ထိုးဖို့ ပါဝင်ပါတယ်။
အားလုံးကို ပလက်စတစ်နဲ့ လုပ်ထားခြင်း ဖြစ်ပြီး iPhone 5C အန်းဒရိုက်ဗားရှင်းလို့ အမည်ပြောင် ခေါ်ကြ ပါတယ်။ အရောင်ကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ အတော်လေး စုံအောင် ထုတ်ထားပါတယ်။ အနီရောင်၊ အနက်ရောင်၊ အပြာရောင် အစရှိသဖြင့်တို့အပြင် Silver, White တို့ပါရှိပါတယ်။
ဈေးနှုန်းကတော့ အသက်သာဆုံး အလုံးက ၂၀၀ ဝန်းကျင်လောက် အထိ ရှိနိုင်ပြီး ဈေးအကြီးဆုံးကလည်း ၄၀၀ အောက်မှာပဲ ရှိနိုင်ဖွယ် ရှိကြောင်း ဆိုပါတယ်။ အမေရိကန်မှာ contract နဲ့ carrier တွေ က ရောင်းတာ ဆိုရင် ၂၀၀ ပဲ ရှိပါတယ်။ မြန်မာပြည် ရောက်နိုင်ဖွယ် ရှိမရှိ မသိပေမယ့် အမေရိကန် နဲ့ ဥရောပ ဈေးကွက်တို့မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
Ref: cnet
အောင်ခမ်း (ရိုးရာလေး)