7/01/2015

♪ Honor 7 ကို ယနေ့မိတ်ဆက် ♫


Huawei ကုမ္ပဏီ မှ Honor အမည်ဖြင့် စမတ်ဖုန်းများထုတ်လုပ်ရာ ယနေ့တွင် Honor 7 ကိုမိတ်ဆက်ပေးခဲ့ သည်။ Honor Series များမှာ ဈေးသက်သာပြီး သပ်ရပ်သောဒီဇိုင်းများကြောင့် လူအများစိတ်ဝင်စားခံရ၍ Huawei ၏ ၎င်းတို့နာမည်ဖြင့်ထုတ်သောဖုန်းများထက်ပိုပြီးလူကြိုက်များကာ Global Version ဖြစ်သောကြောင့် မိခင်တရုတ်ဘာသာစကားများအသုံးပြုထားသော Application များမပါဝင်ပေ။


ယခု Honor 7 မှာ မျက်နှာပြင်အကျယ် 5.2"ရှိပြီး Metal Body ကို Aluminum Alloy ဖြင့်ပတ် ထားသောကြောင့် မာကျောပေါ့ပါးသည်။CPU ကို Kirin 935 Octa-core (4 core Cotex 2.2 GHz ×4 core Cotex 1.5 )ဖြင်လည်ပတ်ထားသော Huawei ကုမ္ပဏီ ထုတ် Hisilicon Chip ကိုသုံးထားပြီး RAM ကို Version ၂ မျိုးထုတ်လုပ်သည်။ 16 GB ကိုRAM 3GB ဖြင့် ၎င်6း4 GB ကို RAM 4 GB ဖြင့် မောင်းနှင် ထားသည်။ကင်မရာကို Main အနေဖြင့် 20MP ဖြစ်ပြီး Font Camera မှာ 8MP ဖြစ်သည်။ Main Camera အောက် ကျောဘက်တွင် လက်ဗွေ လုံခြုံရေး စနစ် Finger scan ပါဝင်သည်။


ဘက်ထရီ 3100 mAh ဖြစ်ပြီး MicroSD 128GB ထိထပ်မံတိုးမြှင့် အသုံးပြုနိုင်သည်။ Android 5.0 Lollipop ကိုအခြေပြု ထားသော Emotion 3.1 ဖြင့်လည်ပတ်ထားသည်။Honor 7 ဈေးနူန်း ကို 16 GB ကို US $ 320 ဖြစ်ပြီး 64 GB မှာ US $400 ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဇူလိုင်လ ၇ ရက်နေ့စတင်ရောင်းချ မည်ဖြစ်သည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com