အမေရိကန် နိုင်ငံ ဆန်ဖရန်စ္စကို နှင့် တရုတ်နိုင်ငံ
ရှန်ဇန်းပြည်နယ်အခြေစိုက် Turing Robotics Industries (TRI) ကမကြာခင်
လုံခြုံရေး မြင့်မားပြီး မာကျောလှကာ ဒီဇိုင်း ဆန်းသော Android
စမတ်ဖုန်း အမျိုးအစားကိုမကြာမီဈေးကွက်တွင်မိတ်ဆက်ပေးဖွယ်ရှိပြီး Pre Order
များလက်ခံနေပြီးဖြစ်ကြောင်းသိရှိရ သည်။
ထိုစမတ်ဖုန်းအတွက်သီးသန့် Third-party server လုံခြုံရေး စနစ်ဖြစ်ပြုလုပ်မည်ဖြစ်သောကြောင့် Hacking လုပ်ရန်အလွန်ခက်ခဲမည်ဖြစ်ကြောင်း ကို TRI ရဲ့ပြောရေးဆိုခွင့်ရှိသူ Chief Executive Syl Chao က UK အခြေစိုက် IBtimes ကိုပြောကြားခဲ့သည်။ ထိုစမတ်ဖုန်းကိုမည်သည့်စမတ်ဖုန်းမှာမှ အသုံးပြုခဲ့ခြင်းမရှိသေးသော မိမိတို့ ကုမ္ပဏီ ၏သုတေသနမှရရှိသော သတ္ထု စပ်တမျိုးဖြစ်သော Liquidmorphium အရည် ပုံသဏ္ဌန် သတ္ထု စပ် (zirconium,copper,Aluminum, nickel and silver) တို့ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၎င်းသတ္တုစပ်ဟာ တိုက်တေနီယမ်၊ စတီးလ် တို့ထက်မာကျောပြီး အကြမ်းခံနိုင်မှု အမြင့်ဆုံးသတ္တုစပ်ဖြစ်ပြီး အခြားစမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ များမှ၎င်းတို့၏ နည်းပညာကိုအသုံးပြုရန် ကမ်းလှမ်းမှုရှိလာလိမ့်မည်ဟုယုံကြည်ကြောင်း Professor Lugee li ကဆိုသည်။
ယင်းစမတ်ဖုန်းသည်အရွယ်အစား 5.5 inches ရှိပြီး Full HD (1920×1080 pixels)ဖြစ်သည်။CPU အနေဖြင့် Qulacomm Snapdragon 801 Quad-core 2.5 ကို RAM 3 GB ဖြင့် မောင်းနှင်းမည်ဖြစ်ပြီး Memory ကိုမှု 16GB,64GB,128GB ဟု၍သုံးမျိုးထုတ်လုပ်မည်ဖြစ်သည်။ ကင်မရာ မှာ Main Camera မှာ 13MP ဖြစ်ပြီး Font Facing အနေဖြင့် 8MP ဖြင့်တတ်ဆင်ထားသည်။
လက်ဗွေ လုံခြုံရေး Fingerprint စနစ်ပါဝင်သည်။ဘက်ထရီကို 3000mAh တပ်ဆင်ထားသည်။ အသေး စိတ်ကို www.turingphone.com တွင်ဝင်ရောက်လေ့လာနိုင်ပြီး ဈေးနှုန်းများမှာ 16GB($610),64GB ($740),128GB($870) တို့ဖြစ်သည်။
Credit to ==> Phone News Up To Date