7/03/2015

♪ Apple ၏ iPhone Dual Camera Project ♫


ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူ Apple ကုမ္ပဏီ ကြီးမှ နောက်မျိုးဆက်သစ် iPhone များတွင်းအသုံးပြုရန် အတွက် Dual Camera တပ်ဆင်သည့်နည်းစနစ်ကိုစမ်းသပ်နေပြီး ၃ နှစ်ခန့်ကြာမြှင့်နေပြီ ဖြစ်သည်။

HTC One M8 ,M9+ နှင့် Huawei Honor 6+ များအတွက် Camera Module များပြုလုပ်သော ထိုင်ဝမ် အခြေစိုက် စမတ်ဖုန်းနှင့် အခြားကင်မရာပိုင်ဆိုင်ရာ အထိုင် ဒီဇိုင်း Module များဖန်တီးသည့် ကုမ္ပဏီ Altekမှ CEO Xiaru Wen ကပြောကြားခဲ့သည်မှာ Apple အနေဖြင့် ထို Project အပေါ်အထူးအာရုံ ထားပြီးပြုလုပ်နေပြီး ဆော့ဖ်ဝဲ ပိုင်းဆိုင်ရာမှာအားလုံးပြီးပြတ်အောင် လုပ်ဆောင်ပြီးစီးပြီ ဟုထင်ကြောင်း အဓိက Apple ၏ရည်ရွယ်ချက်မှာသာမန်မဟုတ်ကြောင်း 3D ဖန်တီး နိုင်လောက်သည့် ဓာတ်ပုံ ရုပ်သံ များအပေါ်မျက်ခြေမပျက်စေရန် ပြိုင်ဘက် Google ၏ Project Tango ကဲ့သို့ 3D နည်းစနစ်ဆီသို့ ဦးတည်နေပြီး iPhone ၏သာမန်ကင်မရာနဲ့ ဆော့ဖ်ဝဲ ပေါင်းစပ်ရုံနဲ့ ၎င်းတို့၏ဓာတ်ပုံရုပ်ပုံများမှာ အခြား စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ များအပေါ်အသာရနေရာ ယခု Project သာအောင်မြင်ပြီးမြောက်ပါက ပိုမိုအောင်မြင်သော Appleကိုမြင်ရဖွယ်ရှိသည်။

နောက်တချက်အနေဖြင့် ယင်းစီမံကိန်းအနေဖြင့်လည်းနောက်ထပ် ၂ နှစ်ကျော် ၃ နှစ်ခန့်ကြာမြှင့်ဖွယ် ရှိပြီး နောက်ထပ်မျိုးဆက်ဖြစ်သော iPhone 7 တွင်မြင်တွေ့ဖွယ်မရှိပဲ ၎င်းနောက်မှသာမြင်ရဖွယ်ရှိသည် ဟုဆိုသည်။

Credit to ==>Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com