6/08/2015

♪ Ubuntu OS အသုံးပြုထားသော BQ Aquaris E5 Ubuntu Edition ဖုန်းထွက်ရှိလာ ♫


iPhone သို့မဟုတ် Android ဖုန်းများအစား အခြား OS စနစ်သုံး စမတ်ဖုန်း အသုံးပြုလို သူများအတွက် ပထမဆုံး Ubuntu ဖုန်းထွက်ရှိပြီး လေးလအကြာတွင် ဒုတိယမြောက် Ubuntu မိုဘိုင်းဖုန်း ထပ်မံထွက်ရှိလာပြီ ဖြစ်သည်။

E5 Ubuntu Edition စမတ်ဖုန်းသည် BQ ၏ Android E5 မော်ဒယ်ကို Android OS နေရာတွင် Ubuntu OS ကို အသုံးပြုထားခြင်း ဖြစ်သည်။ မျက်နှာပြင် အရွယ်အစား ၅ လက်မရှိသည့် E5 ကို BQ အွန်လိုင်းစတိုးတွင် ဇွန်လ ၉ ရက်၌ စတင်ရောင်းချ ပေးမည်ဖြစ်ပြီး ၎င်းစမတ်ဖုန်းကို ယူရို ၂၀၀ ဝန်းကျင်ဖြင့် ဥရောပနိုင်ငံများ၌ ရောင်းချပေးသွားမည် ဖြစ်သည်။

E5 စမတ်ဖုန်း၏ မျက်နှာပြင် ရုပ်ထွက်အရည်အသွေးမှာ 720p high-definition display ဖြစ်ကာ 1.3 GHz MediaTek Quad Core Cortex A7 ပရိုဆက်ဆာအပြင် RAM 1GB, storage 16GB နှင့် microSD slot တစ်ခုတို့ ပါဝင်သည်။ E5 ၏ ကျောဘက်တွင် flash နှစ်ခု ပါဝင်သော 13-megapixel ကင်မရာနှင့် ရှေ့ကင်မရာမှာ 5-megapixel ဖြစ်ပြီး full-HD 1080p  ဗွီဒီယို ရိုက်ကူးနိုင်သည်။ ထို့အပြင် E5 သည် SIM ကတ်နှစ်ခု ထည့်သွင်း အသုံးပြုနိုင်သည့် စမတ်ဖုန်း ဖြစ်သည်။

Ubuntu သည် developer များ အလွန်နှစ်သက် သဘောကျသည့် သက်တမ်းရှည် operating system တစ်ခုဖြစ်ပြီး ၎င်း OS ကို developer များက ကွန်ပျူတာများတွင် Windows သို့မဟုတ် Mac OS X အစားပြောင်းလဲ အသုံးပြုကြသော်လည်း လူအများက ကျယ်ပြန့်စွာ အသုံးပြုခြင်း မရှိကြပေ။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>