6/10/2015

♪ Microsoft ကမြန်မာနိုင်ငံမှာ ဘာတွေဆောင်ရွက်မလဲ ♫


Microsoft ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း နည်းပညာဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပညာရေး၊ စီးပွားရေး၊ ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အစီအစဉ်များကို လာမည့် (၁၂) လအတွင်းအကောင် အထည်ဖော်သွားမည် ဟု သိရသည်။ အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပိုမိုများပြားလာသောဆိုက်ဘာရာဇ၀တ်မှုများအား ထိန်းချုပ်နိုင်ရန် ဒီဂျစ်တယ် ရာဇဝတ်မှုအဖွဲ့( Digital Crimes Unit) တစ်ခုအား ထားရှိထားကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် Malware, botnets, IP crimes နှင့် ဆက်စပ်နည်းပညာဖြင့် ကလေးသူငယ်များအား အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာဖွေခြင်း အစရှိသည့် နယ်ပယ်များတွင် ကျွမ်းကျင်သောရှေ့နေများ၊ စုံစမ်းစစ်ဆေးရေးအ ဖွဲ့များ၊ မှုခင်းဆိုင်ရာ သုံးသပ်သူများ ပါဝင်ကြောင်း သိရသည်။ ယင်းအဖွဲ့အနေဖြင့် တစ်ကမ္ဘာလုံးတွင်ရှိ သော ပုဂ္ဂလိက ကုမ္ပဏီများသာမက အစိုးရ အဖွဲ့အစည်း များနှင့်ပါ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“ဆိုက်ဘာလုံခြုံရေးဟာ ကမ္ဘာ့အနာဂတ်အောင်မြင်မှုအတွက် အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ် ပါတယ်။ ကျွန်မတို့ အွန်လိုင်းသုံးတာပဲဖြစ်ဖြစ် မိမိတို့အသုံးပြုတဲ့ပစ္စည်းတွေပေါ်မှာပဲဖြစ်ဖြစ် ယုံကြည်နိုင်လောက်တဲ့ လုံခြုံမှုတွေ ရှိဖို့လိုအပ်ပါတယ်။ Microsoft အနေနဲ့ဆိုရင် ထိရောက်ပြီး နည်းပညာပိုင်း မဟုတ်တဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာပေါ်လစီထူထောင်ဖို့ အခြေခံ ကျကျ အစပျိုးပေးထားတဲ့ လှုပ်ရှားမှုလုပ်ငန်းအမျိုးအမျိုးမှာ ပါဝင်ခဲ့ပါတယ်။ 
Microsoft က အသုံးပြုလုပ်ထုံးလုပ်နည်းပေါ်လစီတွေနဲ့ နိုင်ငံတွင်း ဆိုက်ဘာလုံခြုံရေးစွမ်းဆောင်မှုတွေ ဘယ်လို ဆက်စပ်နေသလဲဆိုတာကို သေချာမှတ်သားထားပါတယ်။ ဒါမှလည်း ဘယ်လိုအပြုအမှုမျိုးက ဆိုက်ဘာလုံခြုံရေအတွက် ကောင်းတဲ့အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်စေသလဲဆိုတာကို မူဝါဒချမှတ်သူတွေ ဆုံးဖြတ်လို့ရအောင် ပြောပြလို့ရမှာဖြစ်ပါတယ်” ဟု Microsoft ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez က ပြောကြားသည်။
International Data Corporation (IDC) နဲ့ National University of Singapore (NUS) တို့၏ လေ့လာချက်အရ သုံးစွဲသူများ၏ အကြီးမားဆုံးစိုးရိမ်ပူပန်မှုမှာ malware များကြောင့် အချက်အလက်များ၊ ဖိုင်များ၊ ကိုယ်ရေးကိုယ်တာဆိုင်ရာများ ပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ကြောင်း၊ ဒုတိယစိုးရိမ်မှုမှာ အင်တာနက်ပေါ်တွင် ခွင့်ပြုချက်မရှိသော ငွေလွှဲပြောင်းမှုများပြုလုပ်ခြင်းနှင့် အွန်လိုင်းမှ လိမ်လည်မှုများပြုလုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com