6/02/2015

♪ အမေရိကန်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ LG G4 ♫


Android အမာခံပရိတ်သတ်တွေအဖို့ ဖုန်းတစ်လုံးကို US မှာစရောင်းပါပြီ။ T-Mobile အနေနဲ့ ဒီနေ့မှာ LG G4 အတွက် အွန် လိုင်းကနေရောင်းချမှုကို ပြုလုပ်ပေးခဲ့ပြီးကန်ထရိုက်မပါရင် ဒေါ်လာ ၅၉၉.၇၆ နဲ့ရောင်းမှာဖြစ်ပြီးတော့ ၂၄ လစာကန်ထရိုက်နဲ့ဆိုရင် ၂၄.၉၉ ဒေါ်လာကျသင့်မှာပါ။

G4 ဟာကို Metallic gray နဲ့ရောအညိုရောင်လယ်သာနဲ့ပါ ရရှိနိုင်မှာဖြစ်ပြီး၊ T-Mobile ကတော့ လယ်သာ version ကို exclusive အနေနဲ့ ရောင်းသွားမှာပါ။ Sprint ကတော့ G4 ကိုရှေ့အပတ်မှာစတင်ရောင်းချမှာဖြစ်ပြီးအနက်ရောင်လယ်သာ version ကိုပါ ရနိုင်ပါလိမ့်မယ်။ AT&T ကတော့ မေ ၂၉ မှာကတည်းကစတင်ရောင်းချနေပြီး၊ စတိုးတွေမှာတော့ ဇွန်လ ၅ ရက်နေ့ကနေစပြီးရနိုင်ပါမယ်။ ကန်ထရိုက်မပါရင်တော့ ၆၂၉.၉၉ ဒေါ်လာနဲ့ ရောင်းချပြီး အ နက်ရောင်လယ်သာနဲ့ယူမယ်ဆိုရင်တော့ ၆၆၉.၉၉ ဒေါ်လာကျသင့်မှာပါ။

၂ နှစ်ကန်ထရိုက်ဆိုရင်တော့ G4 အတွက် ၁၉၉.၉၉ ကျသင့်ပြီး၊ လယ်သာနဲ့ယူမယ်ဆိုရင် ၂၃၉.၉၉ ကျသင့်ပါမယ်။ Verizon Wireless ကတော့ အခုအထိဘာမှမပြောထားသေးပါဘူး။ T-Mobile အနေနဲ့ အွန်လိုင်းမှာယူသူတွေကိုအခုကစပြီးပို့ပေးနေပြီး၊ စတိုးမှာဝယ်တဲ့သူတွေအတွက်ကတော့ ဇွန် ၃ ရက်နေ့လောက်မှ ရနိုင်ပါမယ်။ LG အနေနဲ့ သူတို့ဖုန်းတွေမှာ expandable storage ကိုထည့်ပေးနေတုန်းဖြစ်တဲ့အတွက် ဝယ်ယူသူတွေကို T-Mobile ဘက်ကနေ 128GB microSD card တွေ အခမဲ့ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် မူရင်းပါလာတဲ့ 32 GB နဲ့ပေါင်းရင် app တွေ၊ ဂိမ်းတွေ၊ သီချင်းတွေ၊ ဓါတ်ပုံတွေ သိမ်းနိုင်မယ့် 160GB ကိုရနိုင်မှာပါ။ Sprint နဲ့ US Cellular တို့ကတော့ 32GB microSDပဲပေးပေမယ့်၊ ဘက်ထရီအပိုနဲ့ အားသွင်းကြိုးတွေ ပေးပါမယ်။ G4 ရဲ့ အပျံစား display တို့ အကောင်းစားကင်မရာတို့ကဘက်ထရကုန်နှုန်းရော၊ storage ကိုပါ အများကြီးအသုံးချမှာမို့ နှစ်ခုစလုံးကစဉ်းစားစရာပါပဲ

LG G4 ဟာတည်ဆောက်ပုံကောင်းပြီး software လည်းကောင်းပေမယ့် Samsung ရဲ့ Galaxy S6 ကိုတော့ မယှဉ်နိုင်သေးတာမို့၊ လက်ရှိမှာဒုတိယအကောင်းဆုံး Android ဖုန်းလို့ ပြောရမလိုပါပဲ။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com