6/18/2015

♪ HTC က One E9+ Dual SIM နှင့် Desire 326G Dual SIM တို့ကို အိန္ဒိယတွင် ရောင်းချ ♫

1

HTC က စမတ်ဖုန်းအသစ်နှစ်လုံးကို အိန္ဒိယတွင် မိတ်ဆက်လိုက်ပါသည်။

One E9+ Dual SIM သည် SIM Slot နှစ်ခုပါရှိခြင်းမှလွဲ၍ ကျန်သည့် အစိတ်အပိုင်းများသည် One E9+ နှင့် ဆင်တူပါသည်။ ၅.၅ လက်မ QHD Display , 20MP Camera, MediaTek Helio X10 Processor , 3GB RAM တပ်ဆင်ထားပါသည်။ microSD Card ထည့်သွင်းနိုင်ပြီး Dolby Audio ပါသော Dual BoomSound Speakers များပါရှိပါသည်။ ဒေါ်လာ ၅၇၅ သတ်မှတ်ထားပြီး ဇွန် လေးရက်တွင် အရောင် သုံးမျိုးဖြင့် ရောင်းချမည် ဖြစ်သည်။

HTC Desire 326G Dual SIM သည် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး ၄.၅ လက်မ 854×480 resolution display တပ်ဆင်ထားပါသည်။ 1.2GHz Quad-Core Spreadtrum SC7731G SoC , 1GB RAM, 8GB Storage, 8MP Rear Camera, 2MP Front Camera, 2000mAh Battery တပ်ဆင်ထားပါသည်။ အဆိုပါ ဈေးနှုန်းဝန်းကျင် စမတ်ဖုန်းအများစုတွင် ပါလေ့ရှိသော LTE ကို ထောက်ပံ့ပေးခြင်းမရှိသည်မှာ အားနည်းချက်ဖြစ်ပါသည်။ Desire 326G Dual SIM ကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပြီး အရောင်သုံးမျိုး ထုတ်လုပ်ပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com