6/16/2015

♪ ငွေကျပ် သိန်းခြောက်ဆယ်တန် Gresso ၏ တန်ဖိုးကြီး Regal Gold Phone ကို ရောင်းချ ♫

5

တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်သော Gresso က Regal Series စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ Gresso Regal Gold ဟု အမည်ပေးထားပြီး အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ပေးထားပါသည်။

အလုံးရေ ၉၉၉ လုံး ထုတ်လုပ်ပေးထားပြီး တစ်လုံးစီတွင် ၁၈ ကာရက်ရွှေဝါကို ဖုန်း၏ အနောက်ဘက် အခွံတွင် အလုံးရေ နံပါတ်အဖြစ် သွန်းလောင်းထားပါသည်။ ဖုန်း၏ ကိုယ်ထည်ကို ရွှေရောင် PVD-coated titanium ဖြင့် ပြုလုပ်ထားပါသည်။ အဆိုပါနည်းပညာသည် ခြစ်ရာများကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။

ကိုယ်ထည်သည် Grade 5 Titanium အမျိုးအစားဖြစ်ပြီး အာကာသနည်းပညာနယ်ပယ်တွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ ၈.၈ မီလီမီတာ အထူရှိသော Regal Gold ဖုန်းကို ထုတ်လုပ်ရန် အချိန် ၈ နာရီကြာမြင့် ပါသည်။

Regal Gold တွင် Android OS မောင်းနှင်မည် ဖြစ်သော်လည်း ဗားရှင်းကို မသိရသေးပါ။ ငါးလက်မ 1080p Display ကို Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ 13MP Rear Camera, 5MP Front Camera, 2GB RAM, 32GB Storage ပါရှိပါသည်။

1.5GHz Quad-Core Processor မောင်းနှင်မည် ဖြစ်ပြီး 3G ကိုသာ အထောက်အပံ့ပေးပါသည်။ 4G ထောက်ပံ့မှုမပါရှိပါ။ ဘက်ထရီသက်တမ်းမှာ ခြောက်နာရီကြာ ဖုန်းပြောနိုင်ပါသည်။ Standby အသုံးပြု လျှင် နာရီ သုံးရာ အသုံးပြုနိုင်ပါသည်။ Regal Gold ၏ တန်ကြေးမှာ ဒေါ်လာ ၆၀၀၀ ၀န်းကျင်ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com