6/17/2015

♪ Google ၏ Android TV တွင် Apps ပေါင်း ခြောက်ရာကျော်ကို အသုံးပြုနိုင်ပြီ ♫

1

Android TV သည် Google တီထွင်သော စမတ်တီဗီ ပလက်ဖောင်းဖြစ်ပြီး Android 5.0 Lollipop မောင်းနှင်ထားခြင်း ဖြစ်ပါသည်။ Android TV ကို တီဗီများနှင့် မီဒီယာပလေယာများ၊ ဂိမ်းစက်များတွင် Built-in ထည့်သွင်းရောင်းချသကဲ့သို့ Android TV Device ကို တီဗီတွင် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။

Google Android TV အတွက် Apps ပေါင်း ခြောက်ရာကျော်ကို Play Store တွင် ရယူနိုင်ပြီ ဖြစ်သည်။ YouTube, Netflix, Hulu ကဲ့သို့ အင်တာနက် ရုပ်သံလိုင်းများနှင့် Android Games များကို တီဗီတွင် ကြည့်ရှုကစားနိုင်မည်ဖြစ်သည်။ ထို့အပြင် Android, iOS, Mac, Windows, Chromebook များမှ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဂိမ်းများကို Android TV သို့ ထုတ်လွှင့်နိုင်ပါသည်။

Google က Android TV အတွက် Play Store ကို အဆင့်မြှင့်ပေးလိုက်ပြီး ယခုအခါ အားကစား၊ သတင်း၊ ဂိမ်းနှင့် ပတ်သက်သည့် Apps အသစ်များကို ထည့်သွင်းပေးထားပါသည်။ Google ကဲ့သို့ပင် အင်တာနက်မှ မီဒီယာများကို တီဗီတွင် ကြည့်ရှုနိုင်သည့် Apple TV ကိုလည်း Apple က မကြာမီ အဆင့်မြှင့်မည်ဟု သတင်းများထွက်ပေါ်နေပါသည်။ Amazon ၏ Fire TV တွင် Apps ပေါင်း ခြောက်ရာကျော်နှင့် Roku သည်လည်း Apps ပေါင်း နှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com