6/20/2015

♪ အရွယ်သေးငယ်သည့် ဒေါ်လာ ၁၄၀ တန် ကွန်ပျူတာကို ဇူလိုင်လတွင် ရောင်းချမည် ♫


Microsoft သည် Windows 8.1 ဖြင့် သုံးနိုင်မည့် အရွယ်သေးငယ်သော ကွန်ပျူတာ တစ်မျိုးအတွက် အိန္ဒိယ gadget ကုမ္ပဏီ iBall နှင့် ပူးပေါင်းခဲ့သည်။

Splendo ဟုခေါ်သည့် အိတ်ကပ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော အဆိုပါ ကွန်ပျူတာသည် HDMI မှတဆင့် တီဗွီများနှင့် monitor များဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ၎င်းတွင် Intel Atom quad-core ပရိုဆက်ဆာနှင့် 2GB RAM ပါဝင်ပြီး သိုလှောင်မှုပမာဏ 32GB ထောက်ပံ့ပေးထားသည်။ ထို့အပြင် MicroSDXC card slot တစ်ခုအပြင် USB နှင့် Micro USB port များလည်း ပါဝင်သည်။ ကြိုးမဲ့စနစ်အဖြစ် Bluetooth 4.0 ကို အထောက်အပံ့ ပေးထားသည်။

၎င်းကို ဇူလိုင်လတွင် အိန္ဒိယ၌ အမေရိကန်ဒေါ်လာ ၁၄၀ (ရူပီး ၈,၉၉၉) ဖြင့် ရောင်းချမည် ဖြစ်သည်။ Windows 10 ထွက်ရှိသည့်အခါတွင် Splendo ၌ Microsoft ၏ နောက်ဆုံးပေါ် OS ကို အသုံးပြုနိုင်ရန်အတွက် upgrade တစ်ခု ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း iBall မှ ပြောကြားခဲ့သည်။

Ref: TheNextWeb
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com