6/15/2015

♪ မိုဘိုင်းဖုန်း ပြုပြင်ခြင်း အတတ်ပညာ ဖြင့် သင့်ဘ၀ နောင်ရေး ခိုင်မာချင်ပါသလား ♫


The Last Mobile Service & Training Centre မှ Software Trainer ကိုထက်ဇော် နှင့်တွေ့ဆုံခြင်း

မေး - မင်္ဂလာပါ အကိုရေ … ။

ဖြေ - ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ …  ။
မေး - ပထမဦးဆုံး အနေနဲ့ အစ်ကို့ရဲ့ The Last Mobile Service & Training Centre  တည်နေရာနဲ့ သင်တန်းကျောင်း အကြောင်းကို ပြောပြပေးပါဦး ။

ဖြေ - သင်တန်းကျောင်းက တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီလမ်းထောင့် (ဘုရားလမ်းမီးပွိုင့်အနီးး) ၊လှိုင်မြို့နယ် ၊ ရန်ကုန်မှာပါ ။ ၀၉-၃၃-၈၀-၅၅၈၁ ၊ ၀၉-၃၃-၈၀-၅၅၉၁ ကို ဆက်သွယ်လို့ ရသလို http://www.facebook.com/thelast2014 ဆိုတဲ့ ကျွန်တော်တို့ရဲ့ Page ကနေတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော်တို့ သင်တန်း ကို 2014 ခုနှစ်မှာ စတင်ဖွင့်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ သင်တန်းအပတ်စဉ် (၆) ထိဖွင့်လှစ်နိုင်ခဲ့ပါတယ် ။

မေး - အစ်ကို့ရဲ့ သင်တန်းမှာ သင်တန်းသားတွေကို သင်ကြားပေးမှု ပုံစံတွေကရော ဘယ်လိုတွေ ရှိပါလဲ ။

ဖြေ - ကျွန်တော်တို့ သင်တန်းမှာ အဓိက အားဖြင့် လက်တွေ့ပိုင်းကို ပိုပြီး ဦးစားပေးသင်ကြားပေးပါတယ် ။

Software ပိုင်း အတွက် Samsung , Sony , HTC , Huawei စတဲ့ Branded ဖုန်းတွေ အပြင်ကို ခု နောက်ပိုင်း ရေပန်းစား လူကြိုက်များလာတဲ့ Coolpad , Oppo , Hisense စတဲ့ ဖုန်း တွေ အကုန်လုံး နဲ့ တစ်ခြား နာမည် မရှိတဲ့ တရုတ် ဖုန်း China Phone Clone လေးတွေ က အစ Firmware ပြန်တင်တာ ၊ Root ဖောက်တာ ၊ မြန်မာဖောင့် ထည့်တာတွေ အကုန်လုံး ကို အသေးစိတ် သင်ကြားပေးပါတယ် … ။


Apple က ထုတ်တဲ့ iOS ပိုင်း အတွက်လည်း iPhone , iPod , iPad တွေ အသုံးပြုပြီး နောက်ဆုံးပေါ် iPhone 6 , 6Plus ဖုန်းတွေ အထိ ကျွမ်းကျွမ်းကျင်ကျင် ပြုပြင်နိုင်အောင် သင်ကြားပြသပေးပါတယ် … ။

ဖုန်း နဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေ အပြင် Software Technician တစ်ယောက် အတွက် လိုအပ်တဲ့ တစ်ခြားသော Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တွေကိုလည်း အလျင်းသင့်သလို ထည့်သွင်းသင်ကြားပေးပါတယ် …. ။ တစ်ခြား ငွေဝင်ပေါက်ဖြစ်တဲ့ Facebook Account ဖွင့်တာ ၊ Lock ဖြည်တာ က အစ သင်ကြား ပေးတာ ဖြစ်လို့ သင်တန်းပြီးတာနဲ့ တစ်ပြိုင်နက် Software ကျွမ်းကျင် ပညာရှင် တစ်ယောက် အဖြစ် ရပ်တည်နေနိုင်ပြီး အသက်မွေး ၀မ်းကြောင်း ပြုနိုင်မှာပါ … ။

Hardware ပိုင်း အတွက်ကိုတော့ …. အဓိက Customer Service အပိုင်းကို အဓိက ထားသင်ကြားပေးပါတယ် … ။ သင်တန်း သင်ကြားနေမှု အပြင် Service ဆိုင် တစ်ဆိုင်မှာ မိမိ ကိုယ်တိုင် အလုပ်ဝင်နေရသလို ခံစားရအောင် Customer Relationship ရရှိအောင် သင်ကြားမှုတွေ ပေးပါတယ် ။

ဥပမာ - Customer တစ်ယောက်က ဖုန်း ပြင်ဖို့ လာအပ်ပြီ ဆိုပါစို့ … ။ သူ့ဖုန်းက မှန်ကွဲချင် ကွဲနေမယ် ၊ ဖုန်း ပြောလို့ မကြားရတာလည်း နေမယ် ၊ ဒါမှ မဟုတ် ပါဝါ လုံးဝ မလာတာလည်း ဖြစ်နိုင်တယ် … ။ အဲ့လို Error အမျိုးမျိုး ဖြစ်လို့ လာရောက် ပြုပြင်တဲ့ ဖုန်း တွေ အတွက် လိုအပ်တဲ့ Power IC , EMMC , Touch , LCD , Earpiece , Mic အစရှိတဲ့ အစိတ်အပိုင်း အမျိုးမျိုးအတွက် လိုအပ်တဲ့ Spare Parts ပစ္စည်းတွေကို … Spare Parts ဆိုင်ကို ကိုယ်တိုင် ကိုယ်ကျသွားရောက် စမ်းသပ် ၀ယ်ယူရမှာပါ … ။ ကိုယ် Service ပြုလုပ်တဲ့ ဖုန်း အတွက် Customer နဲ့လည်း တိုက်ရိုက် ပြောဆို ဆက်ဆံရင်း ဘယ် Error ကို ဘယ်လို လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ တစ်ခါတည်း သင်ကြား တတ်မြောက်စေမှာပါ … ။


အဲ့ဒါကြောင့် သင်တန်း ပြီးမြောက်ပြီး On Job Training အတွက် အချိန် ထပ်မံ ပေးစရာ မလိုတော့ပဲ သင်တန်းကာလ ၁ လခွဲ အတွင်းမှာပဲ … အားလုံးကို သင်ယူတတ်မြောက်စေနိုင်ပါတယ် ။

မေး - အဲ့ဒါဆို သင်တန်းကာလ အတွင်းမှာကိုပဲ Customer ကို ဗဟိုပြုပြီး သင်တန်းသား အားလုံးကို  လက်တွေ့ပိုင်းတွေပဲ တစ်ခါတည်း သင်ကြားပေးတဲ့ သဘောပေါ့ … ။

ဖြေ - ဟုတ်ပါတယ် … ။ အဲ့ဒီ သဘောပါပဲ …. ။ အဓိက က သင်တန်းသားတွေ ကို သင်တန်းပြီးတာနဲ့ တစ်ပြိုင်နက် ဆိုင်ပြန်ဖွင့်စေချင်လို့ ၊ Technician တစ်ယောက် အဖြစ် ရပ်တည်နိုင်စေဖို့ပါ …. ။

မေး - ဟုတ်ကဲ့ .. ။ သင်တန်းကာလ နဲ့ သင်တန်းကြေး အတွက်ကိုလည်း သိချင်ပါတယ် ။

ဖြေ - ဟုတ်ကဲ့ ။ သင်တန်းကြေး အနေနဲ့ Software ပိုင်းအတွက် ၂ သိန်း ၊ Hardware ပိုင်းအတွက် ၃ သိန်း ၊ နှစ်မျိုးပေါင်း ၅ သိန်း ကျသင့်မှာပါ ။ အဓိက သင်တန်းကာလ အနေနဲ့ တစ်လခွဲသာ ကြာမြင့်မှာပါ ။

ဒါပေမဲ့ Software ပိုင်းအတွက် Computer Basic ပါ စတင် သင်ကြားပေးတာကြောင့် Computer အခြေခံ မရှိတဲ့ သူတွေ အတွက်ကတော့ ရက်နည်းနည်း ပိုပေးရပါလိမ့်မယ် … ။ အနည်းဆုံး ၂ လလောက် ဖြစ်သွားပါလိမ့်မယ်။

မေး - နယ်က တက်မဲ့ သူတွေ အတွက်ကိုရော နေစရာ အဆောင် စီစဉ်ထားရှိပေးလား ဆိုတာလဲ ပြောပြပေးပါဦး ။

ဖြေ - ဟုတ်ကဲ့ … ။ Software , Hardware ၂ မျိုးပေါင်း တက်မယ်ဆိုရင်တော့ နေစရာ အဆောင်ကို အခမဲ့ စီစဉ်ပေးပါတယ် … ။

မေး - သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသားတွေ ကို ဘယ်လို ဆက်လက် ပံ့ပိုးလဲ ဆိုတာလည်း သိချင်ပါတယ်။


ဖြေ - ဟုတ်ကဲ့ ။ သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသားတွေ အတွက် Software ပြုပြင်ရမှာ လိုအပ်တဲ့ Data တွေကို ပံ့ပိုးပေးပါတယ် ။ အသစ်ထွက် Data တွေ အတွက်လည်း သင်တန်းမှာ အချိန်မရွေး လာရောက် ယူနိုင်အောင် စီစဉ် ထားရှိပေးပါတယ် ။ အတွေ့အကြုံ ထပ်မံ ယူချင်တဲ့ သင်တန်းသားတွေ အတွက်ကိုတော့ Service Room တစ်ခု သီးသန့် စီစဉ်ပေးထားပြီး ဆိုင်မှာ လာအပ်တဲ့ ဖုန်းတွေ အကုန်လုံးကို ထပ်မံ ပြုပြင်စေပါတယ် ။ ( အဲ့အချိန်ကျရင်တော့ အဆောင် နေရာ က ကိုယ့်အစီနဲ့ ကိုယ်နေရပါမယ် ) ။ ဆိုင်ပြန်ဖွင့်ချင်တဲ့ သင်တန်းသားတွေ အတွက်ကိုလည်း ဆိုင်တစ်ဆိုင် ဖွင့်ရမှာ လိုအပ်တဲ့ Hardware သုံး ပစ္စည်းတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်ပြီး ၀ယ်ယူမှုတွေလည်း ပြုလုပ်ပေး ပါတယ် ။

မေး - ဟုတ်ကဲ့ .. ။ အဲ့ဒါဆို အနီးဆုံး နောက်ထပ် တန်းခွဲတွေ ဘယ်တော့ စမလဲ သိချင်ပါတယ် ။

ဖြေ - ဟုတ်ကဲ့ … ။ ဒီလ ၆ လပိုင်းထဲမှာပဲ ၂၅ ရက်နေ့ ကို သင်တန်း အပတ်စဉ် (၇) ရဲ့ Class A ကို  စဖို့ ရှိပါတယ် ။ လောလောဆယ်တော့ Class A က လူပြည့်ခါ နီးပါပြီ ။ Class A မမှီလိုက်တဲ့ သူတွေ အတွက်လည်း Class B ကို ၇ လပိုင်း ၂ ရက်နေ့မှာ ထပ်မံ ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်တာကြောင့် အပတ်စဉ် (၇) မလွတ်စေဖို့ အတွက် အမြန်ဆုံး စာရင်း ပေး အပ်နှံမှပဲ စိတ်ချရတော့မှာပါ …. ။

မေး - အဲ့ဒါဆို အကို့ အနေနဲ့ ဒီ မိုဘိုင်းဖုန်း ပြုပြင် သင်တန်းတွေကို တက်ရောက်မဲ့ ကျောင်းသားတွေ အတွက် ဘာများ ဖြည့်စွက် ပြောကြားချင်ပါသလဲ ။

ဖြေ - ဟုတ်ကဲ့ … ။ အဓိက က တော့ ဒီ သင်တန်းတွေကို တက်တော့မယ်ဆိုတာနဲ့ အရင်ဆုံး စဉ်းစားဆုံးဖြတ်ပါ … ။ ကို့မိဘ ၊ ကို့ညီအစ်ကို မောင်နှမ က ဒါမှ မဟုတ် တစ်ခြား တစ်ယောက်ယောက်က မင်း ဒီသင်တန်းသွားတက် ကို တက်ရမယ် ဆိုပြီး ဖိအားပေးပြီး တက်ခိုင်းတာမျိး မဖြစ်ပါစေနဲ့ … ။

ကိုယ်ကိုယ်တိုင် ၀ါသနာပါပါစေ ။ ပြီးရင်တော့ ကိုယ်ကိုယ်တိုင် စဉ်းစားပါ ။ ငါ ဘယ်လို အနေအထားမျိုးနဲ့ ရှေ့ဆက်ပြီး ဘ၀ ကို ရပ်တည်မယ်ဆိုတာပါ … ။ ပေးလိုက်ရတဲ့ သင်တန်းကြေးနဲ့ တန်အောင် ဆရာတွေ ဆီက ငါ ဘယ်လိုမျိုး ပညာတွေ ယူမလဲ ဆိုတာကိုပဲ အချိန်ပြည့် ခေါင်းထဲမှာ တွေးနေပါ …။ သင်တန်း ပုံမှန် တက်ပြီး တစ်နေ့ စာ တစ်နေ့ ပုံမှန် လုပ်ပါ …. ။

ဘယ်သင်တန်း မဆို အချိန် တစ်လ ခွဲ ၊ ၂ လလောက် အတွင်းမှာ အပ်ချလောင်း ဆိုပြီး တော့ ဆရာကြီး ဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး … ။ မိမိ ကိုယ်တိုင် ၀ါသနာပါပြီး ကြိုးစား လုပ်ကိုင်ဖို့လည်း လိုအပ်ပါတယ် … ။ အသစ်ထွက်တဲ့ Error တွေ အတွက်ကိုလည်း အမြဲ မျက်ခြေ မပြတ် လေ့လာနေရပါမယ် … ။ အဲ့ဒါဆိုရင်တော့ … ကိုယ် လိုချင်တဲ့ ပန်းတိုင် ဖြစ်တဲ့ ဆိုင်ဖွင့်ရင်ပဲ ဖြစ်ဖြစ် ၊ Technician တစ်ယောက် အဖြစ် ရပ်တည် မယ် ဆိုရင်ပဲ ဖြစ်ဖြစ် … ခေါင်းမော့ ရင်ကော့ စွာနဲ့ အများအလယ်မှာ ရပ်တည်နေနိုင်ပါလိမ့်မယ် … ။

မေး - ဟုတ်ကဲ့ … ။ အခုလို ပြည့်ပြည့်စုံစုံ နဲ့ သိလိုသမျှ ကို ဖြေကြားပေးတဲ့ အတွက် ကိုထက်ဇော်ကို ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ … ။

ဖြေ - ဟုတ်ကဲ့ … ။ ကျွန်တော်ကလည်း ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ … ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com