6/16/2015

♪ တန်ဖိုး 139,000ကျပ်ရှိသည့် - Singtech Sapphire Z550 ရဲ့ အားသာချက် အားနည်းချက် သုံးသပ်ချက်များ ♫


မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး ပုံမှန် IPS qHD LCD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 540 x 960 Pixel ရှိပါတယ်။

ကွန်ရက်
GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro SIM နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual SIM ဖုန်းအမျိုးအစားပါ။

အသေးစိတ်ဖော်ပြချက်
အမြန်နှုန်း 1.3 GHz ရှိတဲ့ Quad-core CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက် GPU စနစ်သီးခြား မပါဝင်ဝင်တဲ့အတွက် ဖုန်းမှာ Built-in ပါဝင်တဲ့အတိုင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့ အတွက်တော့ Micro SD ကို 32GB ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4 (KitKat) ကို အသုံးပြုထား တာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 8 Mega Pixel နဲ့ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth စနစ်နဲ့ micro USB v2.0 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး ဘက်ထရီကတော့ Li-Ion 2400 mAh ဘက်ထရီကို အသုံးပြုထားတာပါ။


သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့  ကင်မရာ ပိုင်းတွေဟာ ပေးရတဲ့ တန်ဖိုးထက် တန်တယ်လို့ ဆိုရမှာပါ။ ဖုန်းမှာပါဝင်လာတဲ့ Google Play, Facebook, Youtube, Twitter, Line, Google Search, Gmail, Office Suite စတဲ့ စနစ်တွေကလည်း စမတ်ဖုန်းအတွက် ပြည့်စုံတဲ့ ဆော့ဖ်ဝဲစနစ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြင်ကွင်းကြီးမား ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းကို ကိုင်တွယ်ချင် သူတွေအတွက် ရွေးချယ်စရာဖုန်း တစ်လုံးလို့ ဆိုရမှာဖြစ်ပေမယ့် ဖုန်းကို လက်တစ်ဘက်ထဲနဲ့ ကိုင်တွယ်အသုံးပြုတဲ့ အခါမှာတော့ ဖုန်းကို လက်ကနေ လျှောကျမသွားအောင် အထူးဂရုပြု ကိုင်တွယ်ရမှာတော့ ဖြစ်ပါတယ်။ ရွှေမင်နဲ့ ငွေမင် အရောင် နှစ်မျိုးနဲ့ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားသာချက်
ဈေးနှုန်းသင့်တင့်တဲ့ မြင်ကွင်းကျယ်ဖုန်းကိုမှ သုံးချင်သူတွေနဲ့ ဗီဒီယိုကြည့်ခြင်း၊ အွန်လိုင်းအသုံးပြုခြင်း ကို နှစ်ခြိုက်သူတွေ သဘောကျမယ့် ဖုန်းဖြစ်ပါတယ်။ IPS qHD Display ကကောင်းမွန်တဲ့​ ရုပ်ထွက်ကို ခံစားရမှာဖြစ်ပြီး တခြားသော အသုံးဝင်လှတဲ့ ဆော့ဖ်ဝဲစနစ်တွေက သုံးစွဲသူတွေကို ကျေနပ်စေ မှာ ဖြစ်ပါတယ်။


အားနည်းချက်
ဖုန်းရဲ့ ကျောဘက်ကာဗာဟာ ပလပ်စတစ် ကာဗာဖြစ်ပြီး အနည်းငယ် ချောမွေ့မှုရှိတဲ့ အပြင် မြင်ကွင်းကြီးမားတဲ့ ဖုန်းမျိုးအစားဖြစ်တဲ့အတွက် ကိုင်တွယ်အသုံးပြုရတာ အနည်းငယ်လေးတဲ့ ဖုန်းဖြစ်တဲ့အတွက် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုချိန်မှာ လက်ထဲကနေ ရုတ်တရက် ဖုန်းလျှောမကျသွားအောင် သတိထား ကိုင်တွယ်အသုံးပြု ရမှာဖြစ်ပါတယ်။

နည်းပညာ
ပါဝါအသုံးပြုခြင်းအတွက် Energy Consultant ဆိုတဲ့ Power Saving စနစ်ပါဝင်လာပါတယ်။ ပါဝါအသုံးပြု ခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မှာပါ။ ကင်မရာ နည်းပညာ ပိုင်းမှာလည်း စုံလင်တဲ့ဓာတ်ပုံ Effect တွေအပြင် ဗီဒီယိုရိုက်ကူးထားမှုကို တည်းဖြတ်ဖို့အတွက်လည်း App စနစ်တွေ ပါဝင်ပါသေးတယ်။ ဒီဖုန်းမှာ အွန်လိုင်းလုံခြုံရေး စနစ်အတွက် Dr.Safety ဆိုတဲ့ဖုန်းကို ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ပေးတဲ့ စနစ်အပြင် ဖုန်းကိုအွန်လိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဖုန်းရဲ့အခြေအနေကို စစ်ဆေးနိုင်တဲ့ Mobile Care စတဲ့စနစ်တွေ ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇီုင်း
ဒီဇိုင်းကတော့ Samsung ရဲ့ Note မော်ဒယ် ဖုန်းတွေလို ပုံစံမျိုးလို့ ဆိုရမှာပါ။ လေးထောင့်ဆန်တဲ့ ပုံစံမျိုးရှိပြီး အနားထောင့် ဘောင်ကွေးဒီဇိုင်း ဖြစ်ပါတယ်။ SIM Slot 1 ကတော့ ဘေးတိုက်ထည့်သွင်းရတဲ့ ပုံစံမျိုးဖြစ်ပြီး SIM Slot 2 ကတော့ SD Card Slot နဲ့ ဘေးချင်းယှဉ်တွဲ ထားပါတယ်။ ကျောဘက် ကင်မရာရဲ့ အောက်ဘက်နားမှာတော့ Flash မီးကို ထည့်သွင်းထားပါတယ်။ စပီကာကိုတော့ ဖုန်းရဲ့ ကျောဘက် အောက်ဘက်နားမှာ ထည့်သွင်းထားပြီး အသံထွက်ပိုင်း ကောင်းမွန်မှုရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၅၅ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၉ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ဝ.၉၁ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၉ဝ ဂရမ်ပါ။

Device Support : Singtech Showroom
09253380008
Price : 139,000 kyats

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com