5/18/2015

♪ ဘေးဘောင်များ မပါရှိသော ZTE Nubia Z9 ကို ကြေညာ ♫

၎

ZTE က Nubia Z9 ကို ဘေဂျင်းတွင် ကြေညာလိုက်ပါသည်။

Nubia Z9 ၏ အဓိက ကောင်းမွန်မှုမှာ 5.2” 1080p 2.5D Display တပ်ဆင်ထားပြီး မျက်နှာပြင် ဘယ်နှင့်ညာဖက်ရှိ ဘေးဘောင်များကို အလွန်သေးငယ်စေရန် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ဘေးဘောင် များသည် ၀.၈ မီလီမီတာသာ ရှိပြီး အလင်းပြန်စေရန် ပြုလုပ်ထားသည့်အတွက် မျက်စိပသာဒဖြစ်စေပါ သည်။

ဘေးဘောင်များသည် မျက်စိပသာဒဖြစ်စေရုံသာမက ZTE က ဘေးဘောင်ကိုယ်ထည်ကို ထိတွေ့ အသုံးချနိုင်သည့် စနစ်အသစ်တစ်ခုကို ပထမဆုံး တီထွင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါ စွမ်းရည်ကို FIT ဟု ခေါ်ပြီး ထိတွေ့မှုပုံသဏ္ဍာန်အလိုက် အလုပ်များ ခိုင်းစေနိုင်ပါသည်။ ဥပမာအားဖြင့် ဘေးဘောင် ကိုယ်ထည်ကို နှစ်ချက် ဖိညှစ်လိုက်လျှင် Screenshot ရိုက်ပေးမည် ဖြစ်သည်။ ထို့အတူ ဘေးဘောင်ကိုပင် တို့ထိ၍ ကင်မရာကို ဖွင့်ခြင်းနှင့် အလင်းရောင်ချိန်ညှိခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

Nubia Z9 ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Snapdragon 810 Chipset မောင်းနှင် မည် ဖြစ်သည်။ RAM နှင့် Storage အတွက်မူ သုံးမျိုးထုတ်လုပ်ပေးထားပါသည်။ Classic Model တွင် 3GB RAM , 32GB Storage ပါရှိပါသည်။ Elite နှင့် Exclusive အမျိုးအစားများတွင် 4GB RAM, 64GB Storage အသီးသီးပါရှိပါသည်။

Nubia Z9 တွင် Bluetooth 4.1 , MHL 3.0 , NFC , 2900mAh Battery ပါရှိပါသည်။ Optical Image Stabilization နည်းပညာပါသော 16MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 8MP Camera ပါရှိပါသည်။ နောက်ဆုံးထုတ် Nubia UI 3.0 ထည့်သွင်းပေးထားပြီး ကင်မရာ စွမ်းဆောင်ချက်များစွာ ပါရှိလာပါသည်။

Nubia Z9 ၏ နောက်ထပ် ကောင်းမွန်သည့် စွမ်းရည်မှာ လက်ဗွေရာဖတ်ရှုသည့် နည်းပညာပါရှိခြင်း ဖြစ်ပါ သည်။ TIO ဟု အမည်ပေးထားပြီး Exclusive Edition တစ်မျိုးတွင်သာ ပါရှိပါသည်။ စိတ်ဝင်စားဖွယ်ရာ အချက်မှာ Power Key နှင့် Volume Key တို့က လက်ဗွေရာကို ခွဲခြမ်းစိတ်ဖြာပေးခြင်းဖြစ်ပါသည်။

တရုတ်တွင် မော်ဒယ်သုံးမျိုးစလုံးကို Preorder ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ မော်ဒယ်သုံးမျိုး၏ ဈေးနှုန်းများမှာ တရုတ်ယွမ် ၃၄၉၉ ၊ ၃၉၉၉ နှင့် ၄၄၉၉ အသီးသီးဖြစ်ကြပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com