5/14/2015

♪ Xiaomi Mi Note Pro တွင်အပူရှိန်မြင့်တက်ခြင်းပြသနာဖြစ်ပေါ် ♫



Xiaomi ၏နောက်ဆုံးထုတ် Snapdragon 810 chip သုံး Mi Note Pro မှာအပူရှိန်မြင့်တက်ခြင်း ကိုသိသာစွာခံစားရသည်ဟုတရုတ်နိုင်ငံတွင်းစတင်ရောင်းချစဉ်ကဝယ်ယူအသုံးပြုသူများ၏ Customer Feedback အရသိရပြီး Mother Board များလောင်းကျွမ်းခြင်း၊ Touch မျက်နှာပြင်ပူလောင်လွန်းခြင်း၊ အားသွင်းစဉ်ဖုန်းမှာသိသိသာသာပိုပူနေကြောင်းပြောကြားခဲ့ကြသည်။

ထိုပြသနာ၏ဇစ်မြစ်မှာ Qualcomm ၏ Snapdragon 810 SoC ကြောင့်ဖြစ်ဖွယ်ရှိကြောင်း ဆိုခဲ့ကြပြီး ယင်းChip ၏မြန်နှုန်းနှင့် အလုပ်လုပ်နှုန်းများကို ဘက်ထရီနှင့်အခြားအစိတ်အပိုင်းလိုအပ်များ၊စက်၏နှုန်းကို မလိုက်နိုင် ခြင်းများ ကြောင့်အပူရှိန်လွန်ခြင်းဖြစ်ဖွယ်ရှိသည်။ 

အဆိုပါပြသာနာ Samsung က Samsung ရဲ့ Galaxy S6 နှင့် Samsung Galaxy S6တွေမှာ်၎င်း၏ ကိုယ်ပိုင် Exynos 7420 Chipset ကိုပြောင်း၍အသုံးပြုခဲ့ခြင်းဖြစ်သည်ဟုထုတ်ဖော်ပြောကြားခဲ့သဖြင့် Qualcomm မှဒုဥက္ကဌဖြစ်သူ McDonough ကသတင်းစာရှင်းလင်းပွဲတွင် Chipကြောင့်မဖြစ်နိုင်ကြောင်းနှင့် G Flex 2တွင်အကောင်းဆုံးအသုံးပြုနိုင်သည်ကိုညွှန်းဆိုကာ ပယ်ချခဲ့သည်။


ယခုအခါ Xiaomi မှတာဝန်ရှိသူများအနေဖြင့် Mi Note Pro ပြသနာကို Update ပေးပြီးဖြေရှင်းဖွယ်ရှိပြီး Xiaomi အနေဖြင့်အခြား Plan များစွာလည်းရှိကြောင်းပြောကြားခဲ့သည်။

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com