5/14/2015

♪ HTC မှ Butterfly 3ထုတ်လုပ် ♫


ထိုင်ဝမ်အခြေစိုက် နည်းပညာ ကုမ္ပဏီ ကြီး HTC မှ HTC J Butterfly ခေါ် Butterfly 3 ကို ဂျပန်နိုင်ငံမှာ စတင်မိတ်ဆက်ရောင်းချမယ်လို့သိရပါတယ်။ ထူးခြားချက်များအနေနဲ့ Metal Uni Body သတ္ထု ဖြင့်  ပြုလုပ်လေ့ရှိသော HTC အနေနဲ့ ယခုဖုန်းကို ပလတ် စတစ် Body မျိုးဖြင့်ပြုလုပ်ထားပြီး ရေစို ရေစိမ်ခံ မယ်လို့သိရပါတယ်။

၅.၂ လက်မအရွယ် Quad HD အမျိုးအစားဖြစ်ပြီး Pixel Density ပုံရိပ်ပြတ်သားမှုမှာ 565 ppi ရှိပြီး လက်ရှိထွက်ရှိထားသော Android ဖုန်းများထဲတွင် အမြင့်ဆုံး ဖြစ်သည်။ အပူရှိန်မြင့်တက်မှုပြသနာရှိနေ သည်ဆိုသော Qualcomm ရဲ့ Snapdragon 810 သုံးမည်ဖြစ်ပြီး RAM 3 GB ဖြင့်မောင်းနှင်မည်ဖြစ် သည်။ ကင်မရာ မှာ လည်း 20 MP Duo Camera ဖြစ်ပြီး ကင်မရာ နှစ်လုံးကျောဘက်တွင်ပါဝင်မည်ဖြစ် မျက်နှာပြင် ကင်မရာ မှာလည်း 13 MP ရှိမည်ဖြစ်သောကြောင့် Selfie ရိုက်သူများအတွက်အကောင်း ဆုံးဖြစ်နိုင်သည်။ HTC Desire Eye ကဲ့သို့ ရှေ့ ကင်မရာ ရုပ်ထွက် ကောင်းမွန်ပြီး Battery 2700 mAh ,Memory မှာ 32 GB မှုရင်းအနေဖြင်ပါဝင်လာမည်ဖြစ်ပြီးထပ်တိုးရဲ့ MicroSD ပါဝင်မည်မဟုတ်ပါ။

HTC ရဲ့ Sense 7 UI ဖြင့်လည်ပတ်ပြီး Android Version 5.0 Lollipop နှင့်မှုလစတင်အသုံးပြုနိုင် မည်ဖြစ်ပြီး LTE, နဲ့ NFCအထောက်အပံပေးနိုင်မည်ဖြစ်၍ ထိပ်တန်း ဖုန်းတစ်လုံးဖြစ်လာမည်မှာမလွဲပေ။

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com