5/08/2015

♪ Xiaomi က ငါးလက်မ 1080p Display တပ်ဆင်ထားသော Mi 4i ကို ကြေညာ ♫

4

ရှောင်မီက Mi4 ၏ ဈေးနှုန်းသက်သာသော အမျိုးအစားဖြစ်သည့် Mi 4i ကို မိတ်ဆက်လိုက်ပါသည်။

Mi 4 ၏ Snapdragon 801 ထက် စွမ်းဆောင်ရည်နိမ့်သော Snapdragon 615 ကို Mi 4i တွင် တပ်ဆင် ထားသော်လည်း Snapdragon 615 သည် 64-bit အမျိုးအစားဖြစ်သည့်အတွက် ကောင်းမွန်ပါသည်။ 1.7GHz Core လေးလုံးနှင့် 1.1GHz Core လေးလုံးတို့ပါရှိသည့် Quad-Core အမျိုးအစား ဖြစ်ပါသည်။ 2GB RAM, 16GB Storage ပါရှိပါသည်။

ငါးလက်မ Full HD OGS IPS Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၄၁ ဖြစ်ပါသည်။ နေအိမ်ပြင်ပ အလင်းရောင် များသော နေရာများတွင် စာဖတ်လျှင် အဆင်ပြေစေသည့် Sunlight Display နည်းပညာပါရှိပါသည်။

အနောက်ဘက်တွင် 13MP နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ အနောက်ဘက် ကင်မရာနှင့်အတူ LED Flash နှစ်လုံးသည် အလင်းရောင်နည်းပါးသည့် နေရာများတွင် ပုံထွက်ကောင်းစေရန် ကူညီပေးနိုင်ပါသည်။

Mi 4i ရှိ SIM Slot နှစ်ခုစလုံးတွင် 4G ကို အသုံးပြုနိုင်ပါသည်။ 3120mAh Battery မောင်းနှင်မည် ဖြစ်ပြီး အပြာ၊ အဖြူ၊ အနက်၊ အ၀ါ၊ ပန်းရောင်များ ရွေးချယ်နိုင်ပါသည်။ Android 5.0 Lollipop ကို MIUI 6 နှင့် တွဲဖက် အသုံးပြုထားပါသည်။

Mi 4i ကို ဒေါ်လာ ၂၀၅ သတ်မှတ်ထားပြီး ဧပြီလ ၃၀ ရက်နေ့တွင် အိန္ဒိယ အွန်လိုင်းအရောင်းဆိုင် Flipkart မှ ရောင်းချပေးမည် ဖြစ်သည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် နေ့ရက်ကို မသိရသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com