5/08/2015

♪ Acer က SIM Card သုံးခုထည့်သွင်းနိုင်သည့် Liquid X2 ကို အမေရိကန်၌ ရောင်းမည် ♫

Ashampoo_Snap_001_

Acer က အမေရိကန်တွင် မေလ၌ စမတ်ဖုန်းများကို စတင်ရောင်းချပေးတော့မည် ဖြစ်သည်။ Acer Liquid X2 ဟု အမည်ပေးထားပြီး ၅.၅ လက်မအရွယ် Phablet အမျိုးအစား ဖြစ်ပါသည်။ SIM Slot သုံးခုပါရှိသည့် ရှားပါးသော ဖုန်းအမျိုးအစား ဖြစ်ပါသည်။

အမေရိကန်တွင် Dual-SIMs ဖုန်းများသည် ရေပန်းစားမှုမရှိသည့်အတွက် Acer ၏ Tri-SIMs ဖုန်းကို အမေရိကန်တွင် ရောင်းချခြင်းမှာ စိတ်ဝင်စားစရာကောင်းပါသည်။

Acer က 64-bit Octa-Core Processor , 13MP Camera, 4000mAh Battery တို့ကို ထည့်သွင်းပေး ထားပါသည်။ Acer က ငါးလက်မအရွယ် Acer Liquid E700 ဟု အမည်ရသည့် SIM Card သုံးခု ထည့်သွင်းနိုင်သည့် စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

ယခုလက်ရှိတွင် Liquid X2 နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို မသိရသေးဘဲ မေလ မှသာသိရှိနိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com