5/04/2015

♪ လက်သည်းခွံကို Trackpad အဖြစ် အသုံးပြု၍ ရစေမည့် NailO ♫

1

NailO သည် လက်သည်းခွံတွင် တပ်ဆင်ရသော Input Device ဖြစ်ပြီး MIT Media Lab က တီထွင်လိုက်ခြင်း ဖြစ်ပါသည်။ NailO ကို တို့ထိခြင်းဖြင့် စမတ်ဖုန်းကို ခိုင်းစေနိုင်မည် ဖြစ်သည်။ တီထွင်သူများက NailO သည် အစည်းအဝေးခန်းမများကဲ့သို့ ဖုန်းကို ကိုင်တွယ်၍ အသုံးပြုခြင်းသည် မသင့်တော်သည့် နေရာများနှင့် လက်နှစ်ဖက်စလုံး မအားသည့် အခြေအနေများအတွက် အသုံးဝင်သည် ဟု ပြောပါသည်။

NailO ကို Bluetooth ဆက်သွယ်မှုဖြင့် ပီစီ၊ မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်နိုင်ပါသည်။ NailO တွင် Sensors , Battery နှင့် Chips သုံးခုပါရှိပါသည်။ NailO သည် အလွန်ပေါ့ပါးပြီး သေးငယ်သည်ဟု တီထွင်သူများက ပြောပါသည်။ ယခုလက်ရှိ NailO တွင် တို့ထိမှုပုံစံ ငါးခုကို အသုံးပြုနိုင်ပါသည်။

တီထွင်သူများက NailO ၏ အပေါ်ယံ မျက်နှာပြင် ဒီဇိုင်းကို ၀တ်ဆင်သူ၏ အ၀တ်အစားပေါ်မူတည်၍ လဲလှယ်နိုင်စေရန် ရည်ရွယ်တီထွင်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ တီထွင်ပြီးမှ ရောင်းချမည် ဖြစ်သည်။ တီထွင်သူအဖွဲ့က NailO ကို ဆိုးလ်တွင် ကျင်းပမည့် Human-Computer Conference တစ်ခုဖြစ်သည့် CHI 2015 တွင် ပြသမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com