5/04/2015

♪ ဂျပန်ဈေးကွက်မှာ Samsung အမည်ကို မသုံးတော့ဘူးဆိုတဲ့ Samsung ♫


Samsung ဟာ ယင်းတို့ရဲ့ အသစ်စက်စက် စမတ်ဖုန်းများဖြစ်တဲ့ Galaxy S6 နဲ့ S6 Edge တို့ကို ဂျပန်ဈေးကွက်မှာ စတင်ရောင်းချတဲ့ အချိန်မှာ အလွန်ထူးခြားတဲ့ အချက်တစ်ချက်ကို လူအများ သတိထားမိ ခဲ့ကြပါတယ်။

အဲဒါကတော့ S6 နဲ့ S6 Edge တို့အပြင် Galaxy Note Edge တို့မှာ Samsung အမည် အမှတ်တံဆိပ် မပါရှိတော့ပဲ (ပုံ) Galaxy ဆိုတဲ့ စာလုံးနဲ့ Docomo ကဲ့သို့ ဆက်သွယ်ရေး ကုမ္ပဏီရဲ့ အမည်တို့ကိုသာ ရေးထိုးထားခဲ့ ခြင်းပါပဲ။

အမှန်တကယ်တော့ Samsung ဟာ ဤလုပ်ဆောင်ချက်အား လွန်ခဲ့တဲ့ ၂ လ ကျော်ကတည်းက စတင်အကောင်အထည်ဖော် နေခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံတစ်ဝန်းရှိ ဖုန်းအရောင်းဆိုင် များကိုလည်း ကမ္ဘာတစ်ဝန်းမှာကဲသို့ Samsung Store အစား Galaxy Shop ဟု ပြောင်းလဲခေါ်ဝေါခဲ့ပါတယ်။ ပိုလို့ ထူးခြားတာကတော့ Samsung Japan ရဲ့ Facebook နဲ့ Twitter စာမျက်နှာတွေမှာလည်း Samsung ဆိုတဲ့ အမည်ကို လုံးဝသုံးစွဲထားခြင်း မရှိတော့ခြင်းပါပဲ။

ထူးခြားလှတဲ့ ဤကိစ္စရပ်များနဲ့ စပ်လျဉ်းလို့ Samsung ရဲ့ ပြောရေးဆိုခွင့် ရှိသူက “စမတ်ဖုန်းတွေဟာ ဈေးကွက်အလိုက် ပုံစံဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း အနည်းငယ် ကွဲပြားသွားတတ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Galaxy ဆိုတဲ့ အမှတ်တံဆိပ်ဟာ ဂျပန်ဈေးကွက်မှာ အထူးအောင်မြင်ပြီး လူသိများထင်ရှားတယ်လို့ ယူဆတာကြောင့် ခုလိုဆောင်ရွက်ခဲ့တာပါ။” ဟု ပြောကြားခဲ့ပါတယ်။

တိုက်ဆိုင်တယ်လို့ပဲ ဆိုဆို၊ Samsung အမည်အား ဖယ်ရှားခဲ့တဲ့ လုပ်ရပ်နဲ့ မရှေးမနှောင်းမှာပဲ ကိုရီးယားနဲ့ ဂျပန် ၂ နိုင်ငံအကြား ဆက်ဆံရေး ကျဲလာတာကြောင့် Samsung ဟာ ဂျပန်ဈေးကွက်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

မှတ်ချက် - နောက်တစ်နည်း စဉ်းစားကြည့်မယ် ဆိုရင်တော့ နာမည်ပြောင်းပြီး ဓာတ်ရိုက်ဓာတ်ဆင် လုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

Credit : Myanmar Consumer Guide



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com